uni
ဖိုးသား ညက ဧကရာဇ်သောက်ခိုင်းတယ့်ဆေးကို မသောက်ဘဲ မနက်အပူတက်တော့ ဧကရာဇ်ကိုရစ်ကာ စားချင်တယ့်မုန့်တွေလုပ်ခိုင်းနေ၏။
ဘာဖြစ်လို့လဲတော့မသိ။ ဧကရာဇ်က မနက်အစောကြီးထပြီး ဈေးမှာမုန့်တွေလုပ်ဖို့ လိုအပ်တယ့်အသီးအရွက်တွေ သွားဝယ်၏။
အဲ့တာနဲ့သူလည်း အတော်ဖြစ်သွားကာ နိုးတာနဲ့ သူစားချင်တာတွေတစ်ခုပြီး တစ်ခုလုပ်ခိုင်းတော့သည်။
'ဒါနဲ့ ဘာလို့ဟိုကောင် စွမ်းထက်က ဧကရာဇ်ကို အကိုလို့ခေါ်ပြီး ရေဘူးပေးရတာလဲ နောက်တစ်ခါ လမ်းမှာတွေ့ရင် ဆောင့်ကန်ခဲ့ဦးမယ်'
"ဖိုးသား ဖိုးသား!!!"
"ဟင် ဘာလဲ"
"ငါခေါ်နေတာကြာပြီ မင်းပြန်မထူးလို့"
"အင်း ငါနည်းနည်းအတွေးလွန်သွားလို့"
"ဘာစားချင်တာရှိသေးလဲ"
"ဘာလဲ မင်းကဆေးခန်းသွားတော့ မလို့လား"
"မသွားပါဘူး မင်းစားချင်တာရှိသေးလားမေးတာ"
"အင်း ကော်ရည်လည်းရပြီ အကြော်တွေလည်းရပြီဆိုတော့ အာလူးကြော်ပေး"
"မုန့်နှစ်နဲ့လား ရိုးရိုးလား"
"ရိုးရိုးပဲ "
"ဘယ်လိုပုံစံစားမှာလဲ"
"အင်း ဇကာပေါက်အာလူးကြော် နည်းနည်းအစပ်အရသာ ပါအောင်နော် မင်းသိပါတယ် မင်းလုပ်ပေးနေကျအတိုင်း"
"အင်း ငါ နွားနို့လဲကြိုထားတယ် "
"လာပြန်ပြီနွားနို့ ညှီတယ် မသောက်ချင်ဘူး"
"ပြောစကားနားမထောင်လို့ အခုဖျားနေပြီမဟုတ်ဘူးလား ငါဆေးခန်းသွားရမလား"
"မသွားနဲ့ ငါသောက်မယ် သောက်မယ်"
"ok ခဏစောင့် ငါအခုကြော်လာခဲ့မယ်"
"အင်း"
ဧကရာဇ် တကယ်တော့ ဖိုးသားကို နို့မသောက်မှာစိုးလို့ ဒီအတိုင်းပြောလိုက်တာပင်။ မနေ့ညထဲက ရိပ်မိပါတယ် ဖိုးသားကဆေးသောက်မှာ မဟုတ်ဘူးဆိုတာ။
YOU ARE READING
PhoeNya
Romanceငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...