uni
နာရီဝက်လောက်ကြာတော့ သူ ကွာရှင်းစာချုပ်ကို ပုံမပျက်အောင် ဗီဒိုထဲ ပြန်ထည့်ထားလိုက်ပြီး ငိုထားတာမရိပ်မိအောင် ရေချိုးခန်းထဲဝင်ကာ သန့်ရှင်းအောင် လုပ်လိုက်၏။
သူပြန်ထွက်လာတော့ ဖိုးသားက မျက်နှာမှာ ချွေးတွေရွှဲနေပြီး မောနေသလိုပင်။
ဖိုးသားက ဘာမှမပြောဘဲ ထွက်သွား၏။
ဧကရာဇ် ဗီဒိုကိုဟကြည့်လိုက်တော့ ကွာရှင်းစာချုပ်မရှိတော့ပေ။
ဖိုးသား သူလက်မှတ်ထိုးထားတယ့် စာချုပ်ကိုယူပြီး တစ်အိမ်လုံးမှာ ဖွက်မယ့်နေရာလိုက်ရှာပေမယ့် ဘယ်နေရာမှာ ဖွက်ရမှန်းမသိပေ။
နောက်ဆုံးတော့ သူတို့ကုတင်အောက်ကိုပဲ မ ကာ ကုတင်အောက်ထိုးထည့်ထားလိုက်သည်။
'ဟူး တော်သေးတာပေါ့ ဧကရာဇ် မ မြင်သွားလို့'
ဧကရာဇ် သူ့အဝတ်တွေကို ဗီဒိုထဲက ထုတ်လိုက်ကာ အခန်းပြင်ထွက်ဖို့ လုပ်လိုက်၏။
ရောက်လာတည်းက သူ့ကိုတစ်ချက်လေးတောင် လှည့်မကြည့်တယ့် ဧကရာဇ်ကြောင့် သူနည်းနည်းစိတ်တိုသွား၏။
သူ့အကျီ်တွေကို ဗီဒိုထဲက ထုတ်နေတယ့်ဧကရာဇ်ကြောင့် သူမကျေမနပ်ဖြစ်ကာ ထုတ်မေးလိုက်သည်။
"ညဧကရာဇ် အကျီ်တွေနဲ့ ဘာလုပ်မလို့လဲ"
"ဟိုဘက်ခန်းမှာ ပြောင်းနေမလို့"
"ဘာကိစ္စနဲ့ ဟိုဘက်ခန်းပြောင်းမှာလဲ"
"မင်းမုန်းတယ့် လူတစ်ယောက်နဲ့ တစ်ခန်းထဲနေချင်လို့လား"
ဧကရာဇ်ရဲ့ အေးစက်စက်အသံကြောင့် သူအနည်းငယ်ကြောင်သွား၏။
"........."
သူဘာမှပြန်မပြောတော့ပေ။ ပြန်မပြောရဲတာလား ပြောချင်စိတ်မရှိတော့တာလား ဆိုတာကိုတော့ ဖိုးသားကလဲဲပြီး ဘယ်သူမှသိမည်မဟုတ်။
အခုအခြေနေက နဲ့ အရင်ကအခြေနေနဲ့က မတူပေမယ့် ညဧကရာဇ် စိတ်ဆိုးရင်တော့ '
အကျင့်ဖြစ်နေလို့နေမှာ ။
'ကျစ် အဲ့အကျင့်ကို မြန်မြန်ပျောက်အောင် လုပ်ရမယ်'
YOU ARE READING
PhoeNya
Любовные романыငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...