Ep 49(uni&zg)

480 52 23
                                    

uni

" ကွာရှင်းကြရအောင် ဦးဖိုးထင် "

" မင်း ကွာရှင်းချင်ရင်တော့ ရှင်းပေါ့ "

"ဟက်! "

ဒေါ်ခတ္တာရဲ့ ခပ်လှောင်လှောင် ရယ်သံကြောင့် ဦးဖိုးထင် သတင်းစာဖတ်နေရင်းမှ လှည့်ကြည့်လာ၏။

" မယား တစ်ယောက်က ကွာရှင်းမယ့်အကြောင်း ပြောတာကိုတောင် အေးအေးဆေးဆေး သတင်းစာဖတ်နိုင်တယ့် ရှင့်ကို ကျွန်မအရမ်း လေးစားသွားပြီ ကိုဖိုးထင်"

ဒေါ် ခတ္တာရဲ့ ပြောစကားကို ဦးဖိုးထင်က ဘာမှပြန်ပြောခဲ့ပေ။

နှစ်ရှည်လများ သိမ်းထားတယ့် ခံစားချက်တွေ ပွင့်ထွက်လာတာမလို့ ဒေါ်ခတ္တာရဲ့ မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျလာ၏။

" လရိပ်ကို မတော်တဆ ရခဲ့လို့ ရှင်ကျွန်မကို အိပ်ပေါ်ခေါ်တင်ထားပေမယ့် ရှင်တစ်နေ့နေ့တော့ ကျွန်မဆီကို စိတ်ပြန်လည်လာမှာပါဆိုတယ့် စိတ်နဲ့ ကျွန်မသည်းခံပြီး နေခဲ့တာ သား တစ်သက်ပဲ ကိုဖိုးထင်"

" အခုတော့ ကျွန်မလုံးဝ သည်းမခံနိုင်တော့ဘူး ယူထားတယ့်မိန်းမကို အနှစ်နှစ်ဆယ်ကျော်လုံး တစ်ချက်မှမထိတယ့် ယောကျ်ား အမြဲတမ်း သော့ခတ်ထားတယ့် အခန်းထဲပဲ ဝင်နေတတ်တယ့် ရှင့်ကို ကျွန်မ စိတ်ကုန်နေပြီ"

" ကျွန်မ နဲ့ ကျွန်မသားကို ရှင့်ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ခွဲပေးပါ ကိုဖိုးထင် ကျွန်မမှ ဒီလောက်တော့ ရပိုင်ခွင့်ရှိတယ် ထင်တယ်"

ဦးဖိုးထင်က ဘာစကားမှ ဆိုမလာဘဲ အိပ်ခန်းထဲဝင်သွားကာ စာချုပ်တစ်ခုကို ကိုင်ပြီးထွက်လာ၏။

ဒေါ်ခတ္တာကို ထိုစာချုပ်ကမ်းပေးလိုက်ကာ

" စာချုပ်မှာ လက်မှတ်ထိုးလိုက်ပါ "

အကုန်လုံး ပြင်ဆင်ထားတာ တွေ့တော့ ဒေါ်ခတ္တာ မျက်နှာပျက်သွားပေမယ့် လက်မှတ်ကို ကြည်ကြည်သာသာပဲ ထိုးပေးလိုက်သည်။

' မှန်သည် လရိပ်က သူနဲ့ ကိုဖိုးထင် မတော်တဆ ရခဲ့တယ့်ကလေး၊ ကိုဖိုးထင်ကို အတင်းလက်ထပ်ပေးမယ် ဆိုကတည်းက သူတို့ရဲ့ ဆက်ဆံရေးက လုံးဝကို ပြတ်စဲသွားခဲ့သည်၊ လရိပ်ကို ရသွားလို့သာ ကိုဖိုးထင်က သူ့ကို အိမ်ပေါ်ခေါ်တင်ခဲ့ပေမယ့် သူ့အသားကို တစ်စက်လေးတောင်ထိခြင်းမရှိခဲ့။ '

PhoeNyaWhere stories live. Discover now