uni
7 days ago......
သူ ဘီယာတွေ အလွန်အကျွံ သောက်ပြီးကတည်းက စစ် က သူ့ကို အနည်းငယ် အလေးပေး ဆက်ဆံနေ၏။
တစ်နေ့ကုန် ဘယ်မှမသွားဘဲ အိမ်ကပ်တာမျိုးတို့၊ သူ laptopနဲ့ စာရင်းတွေ စစ်နေရင် သူ့ကိုမှီပြီး ရုပ်ရှင်ကြည့်တာမျိုးတို့ ၊ မေပန်းချီနဲ့ မတွေ့တာမျိုးရောပေါ့။
စစ် က ဘာလို့ပြောင်းလဲ သွားလဲမသိပေမယ့် ဒီအခြေနေလေးကို သဘောကျမိတာတော့ သူဝန်ခံပါသည်။
ဒီနေ့တော့ မေပန်းချီက အိမ်ရောက်လာကာ ဖိုးသားနဲ့ စကားထိုင်ပြော နေတာမလို့ ဧကရာဇ် စိတ်လေနေ၏။
လိုတာထပ် ပိုပြီး ဖိုးသားနား ကပ်ထိုင်နေတယ့် မေပန်းချီကို ဆက်မကြည့်နိုင်တော့တာကြောင့် ဧကရာဇ် ဧည့်ခန်းထဲက ထွက်လာခဲ့သည်။
ဧကရာဇ် ထွက်သွားတာမြင်တော့ မေပမ်းချီက ခိုးပြုံးလိုက်ကာ
" ဖိုးသား အိမ်မှာcola ရှိလား "
"အင်း ရေခဲသေတ္တာထဲမှာ ငါသွားယူပေးမယ် "
" Ding! Ding!..."
ခုံပေါ်မှာ ရှိတယ့်ဖုန်းက အသံမြည်လာတာမလို့ ဖိုးသား ထ လိုက်ကာ ဧကရာဇ် ဖုန်းကိုကောက်ယူလိုက်သည်။
ဧကရာဇ်က သူ့ဖုန်းကို မေ့ကျန်ခဲ့ပုံပင်။
" ဖိုးသား နင် ဖုန်းကိုင်လိုက်ဦးလေ ငါ့ဘာသာပဲ သွားယူလိုက်တော့မယ် "
မေပန်းချီက သူ့ကိုပြောကာ ထွက်သွား၏။
ဖိုးသား ဧကရာဇ် ဖုန်းကို ကိုင်ထားပေမယ့် လာနေတယ့်ဖုန်းကို မဖြေမိ။
' ဧကရာဇ်က သူ့ဖုန်းကို ကိုင်တာ မကြိုက်ရင် ဘယ်လိုလုပ်မလဲ?'
သို့ပေမယ့် ဖုန်းက ဆက်တိုက်အသံ မြည်လာတာမလို့ ဖိုးသား တွန့်ဆုတ်စွာဖြင့် ဖုန်းကိုင်လိုက်သည်။
ဒီလောက်ထိ အဆတ်မပြတ် ခေါ်နေတာ ဘာတွေများအရေးကြီး နေလို့လဲဆိုတာ သူသိချင်သွား၏။
contact မမှတ်ထားတာကြောင့် နမည်တော့မသိရပေ။
သူ ဖုန်းကိုင်လိုက်တာနဲ့ တစ်ဖက်က ဆက်တိုက်ပြောလာ၏။
YOU ARE READING
PhoeNya
Любовные романыငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...