Part 18

135 15 5
                                    

Unicode

"အန်တီ ဒီစကားတွေသားကိုမပြောပြချင်ဘူး"

စားပွဲပေါ်ထိုးတင်လာတဲ့ ကားသော့၊ အိမ်စာချုပ်နှင့်အခြားသောစာရွက်စာတမ်းတွေ။ ဘေးတစ်ဖက်တစ်ချက်စီရှိ ကော်ဖီပူနှစ်ခွက်ကတော့ အငွေ့မသေသေးဘဲ တထောင်းထောင်းထနေ၏။ ထိုကော်ဖီပူရည်တွေလို သူရိန့်ရင်ထဲကအပူသည်လည်း ပြင်းပြင်းထန်ထန်ပင် တောက်လောင်နေတော့သည်။

"လမင်းက ဟိုမှာ Hospitality ပိုင်းနဲ့ကျောင်းတက်မယ်ပြောတယ်၊ ရန်ကုန်မှာလည်း branch ရှိသားနဲ့သူမန္တလေးကိုပဲရွေးခဲ့တယ်၊ အန်တီသိတယ် လမင်းကအန်တီတို့မရှိဘဲ ဒီမှာမနေနိုင်ဘူး၊ အန်တီနဲ့လမင်းဖေဖေလည်း လမင်းဘွဲ့ရပြီးတဲ့အထိ သူ့ရှေ့မှာသင့်မြတ်နေဖို့ကတိထားခဲ့ကြပေမယ့် အန်တီတို့မထိန်းထားနိုင်ခဲ့ဘူးကွယ်..အန်တီ.."

ပြောရင်း ရှိုက်ဝင်သွားသည့်အသံတွေကြောင့် ငဲ့ကြည့်မိတော့ LV ပိုက်ဆံအိတ်အကောင်းစားကြီးထဲမှ လက်ကိုင်ပဝါထုတ်ကာ မျက်ရည်သုတ်နေသူ။ မိဘဆိုတာသားသမီးအပေါ်ဒီလိုပဲ သူတို့လုပ်ရက်ကြတာလား သူရိန်မမေးချင်တော့။

"အန်တီတို့အရင်အတူနေခဲ့တဲ့အိမ်ကိုရောင်းလိုက်တာ လမင်းကလက်ခံရဲ့လား"

လက်ကျန်မျက်ရည်တစကို သုတ်ဖယ်ပြီးမှ ချောင်းဟန့်ကာ

"လမင်းက ဒီအိမ်ကိုမရောင်းစေချင်ဘူး၊ ဒါပေမယ့်အိမ်ကသူ့အဖေနာမည်နဲ့အိမ်၊ သူ့အဖေပဲရောင်းချသွားခဲ့တာဆိုတော့ အန်တီဘာမှမတက်နိုင်ဘူးသား၊ လမင်းကဒါကိုသိနေခဲ့လို့ ရန်ကုန်ကနေထွက်ပြေးသွားတာ၊ အန်တီလမင်းအတွက် ကွန်ဒိုတစ်ခန်း၊ ကားတစ်စီး သားဆီပဲအကုန်အပ်ခဲ့ပါ့မယ်၊ လမင်းရန်ကုန်လာရင် သားပဲပေးပေးပါ၊ သူဒီမှာကောင်းကောင်းနေဖို့တော့ အန်တီတာဝန်ယူတယ်"

လမင်းလိုချင်တာ ဒါတွေမဟုတ်ဘူးဟု သူရိန်ထုတ်မပြောပြဖြစ်တော့ပါ။

"အန်တီကရော..."

"အန်တီ ဘန်ကောက်ခဏသွားရလိမ့်မယ်၊ ဟိုမှာလုပ်ငန်းအတည်တကျဖြစ်ရင် အန်တီလမင်းကိုပြန်လာခေါ်မှာပါ"

တသက်လုံးမိဘရိပ်အောက် ကလေးတစ်ယောက်လိုချွဲလာသည့်ကောင်လေး ဘယ်လိုများရပ်တည်မလဲသူရိန်မတွေးချင်တော့ပါ။ သက်ပြင်းမောတစ်ချက်ပြင်းပြင်းချမိတော့ အကူအညီတောင်းခံနေသည့်မျက်ဝန်းတို့နှင့် ခလုတ်တိုက်သည်။

CigaretteWhere stories live. Discover now