Zawgyi
"ဇေယျာတို့အတွဲ ကျောင်းမလာဘူးနော်" ဟူသည့် နွယ်ရိုး၏စကားနောက်တွင် "နှစ်ယောက်သား ဒိတ်နေတာဖြစ်မယ်" ဟု ဖူးပွင့်ကသံယောင်လိုက်သည်။ မီးမသေသေးသောဆေးလိပ်တိုအား လက်ဖဝါးထဲဖိချေလိုက်သည်။ ပူလို့ပူမှန်းမသိအောင် အခြားတနေရာကနာကျင်နေသည်။ ဘယ်နေရာကအောင့်မျက်နေမှန်း သူရိန်ကိုယ်တိုင်ပင်မသိ။ ကြေမွသွားသည့်ဆေးလိပ်တိုအား ကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။ ကန်တင်းမှသုံးယောက်သားလမ်းခွဲကာ ဖူးပွင့်လည်းသူ့အတန်းသူသွားသည်။ သူရိန်နှင့်နွယ်ရိုးလည်း အတန်းတက်ရန် အဆောင်ကိုလျှောက်လာခဲ့သည်။
"သူရိန် ငါနင့်ကိုမေးစရာရှိတယ်"
လုပ်နေကျအတိုင်း လက်မောင်းတစ်ဖက်ကို တွယ်ဖက်ကာ ခပ်ချွဲချွဲအမူအယာဖြင့်မေးသည်။ ရင်ခွင်မှီအရပ်ကလေးဖြစ်နေသော နွယ်ရိုးအား သူရိန်ငုံ့ကြည့်ရသည်။ ဖြတ်သွားဖြတ်လာတွေ သူတို့နှစ်ယောက်အား ချစ်စရာအတွဲလေးလိုငေးငေးသွားသည်။
"မေးလေ နွယ်ရိုး"
"ဇေယျာက လမင်းကိုကြိုက်နေတာလား"
ဖြတ်ခနဲမျက်နှာလွှဲလိုက်မိသည်။ သူရိန်အမှန်အတိုင်းဖြေဖို့ ဘာကိုများတွန့်ဆုတ်မိရသလဲမသိ၍ ကိုယ့်ကိုယ်ကိုလည်းအားမရဖြစ်သည်။ သူငယ်ချင်းဇေယျာသည် နဂိုကတည်းကဂေးဟုကျွေးကြော်ထားသူ၊ လမင်းမှမဟုတ်လည်းအခြားယောက်ျားတစ်ယောက်နှင့် ချစ်ကြိုက်မှာပဲ။ ဒါကိုတော့သူကန့်ကွက်၍လည်းမရလေ။
"ငါ ငါမသိဘူးလေ၊ ဇေယျာက ငါ့ကိုအဲ့လိုမပြောဘူး"
နွယ်ရိုးက မေးစေ့ကိုလက်ဖြင့်ပွတ်ကာ စဉ်းစားနေသည့်အမူအယာလုပ်ပြသည်။ နောက်တော့မှ "ငါကိုယ်တိုင်မေးရမယ်" ဟု ပြုံးရယ်ကာပြောရင်း အတန်းထဲဝင်သွားသည်။
သူရိန်စာကိုလည်းအာရုံမရ၊ စိတ်နှင့်လူမကပ်ဖြစ်နေသည်။ "တောင်းပန်ပါတယ်" ဟူသည့် စာတိုလေးသည် seen ပြမည့်လူမရှိ။ အကြိမ်ကြိမ်ဖွင့်ကြည့်နေသော်လည်း အချည်းနှီးဖြစ်နေသည်။
Noti တတောင်တောင်တက်နေသော စောက်ပေါတသိုက်ဟူသည့်အမည်ခံ group chat ထဲသို့ဝင်လိုက်မိသည်။
YOU ARE READING
Cigarette
Romanceမင်းသာ cigarette တစ်လိပ်ဆို မင်းအပေါ်မှာလောင်မြိုက်လာမဲ့ မီးစလေးဟာ ကိုယ်ပဲဖြစ်ချင်တယ်။ မင်းသာ cigarette တစ်လိပ်ဆို မင်းအပေါ်မှာလောင်မြိုက်လာမဲ့ မီးစလေးဟာ ကိုယ်ပဲဖြစ်ချင်တယ်။ Cover photo:source from pinterest