Zawgyi
သီချင်းသံတွေဆူညံလျက် ကခုန်နေကြသော လိပ်ပြာပျိုများသည်လည်းဟိုဖော်ဒီဖော်နှင့်။ ဒါမျိုးတွေကြည့်ချင်လွန်း၍ လမင်းclubလာခြင်းမဟုတ်ပါ။ လူရှင်းသောတစ်နေရာတွင် အရည်လေးတမျှမျှနှင့်ရီဝေနေချင်သည်။ မွန်းကြပ်စရာခံစားချက်တို့အား မေ့စေနိုင်ရေးအတွက် မူးယစ်သေရည်သည် သူ့အတွက်ကူဖော်လောင်ဖက်ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။
ခပ်ခြောက်ခြောက်ဖြစ်နေသောမျက်အိမ်ကမသက်သာသေး၍ အင်္ကျီအိတ်ကပ်ထဲထည့်လာသောမျက်စင်းခပ်ဆေးအား အသုံးပြုလိုက်ရသည်။ ဥက္ကာတို့အဖွဲ့ကတော့ ဖက်ကြမ်းလိပ်အယောင်ဆောင်ဆေးခြောက်ကလေးတဖွာဖွာဖြင့် လောကကြီးနှင့်အဆက်အသွယ်ပျက်နေသည်။
"ဖွာပါဦးလားငါ့ကောင်ရ"
"တော်ပါတော့ နီနေတဲ့မျက်လုံးကြီးတောင် ခုထိအရောင်မကျသေးတာ ဘာမှhigh တောင်မhigh ရဘဲ အာခေါင်တွေခြောက်လာတာလေ"
ဖွာလက်စဖက်ကြမ်းကိုဖွာရှိုက်လိုက်ရင်း လမင်းဘက်သို့ အငွေ့များမှုတ်ထုတ်သည်။
"ဘောစိကိုအပေါစားသွားကျွေးမိတာပဲ၊ အရည်အသွေးနိမ့်မို့လို့ဖြစ်သွားတာပါ မင်းhigh ချင်ရင် ခပ်ကောင်းကောင်းထဲကရွေး၊ တဖွာနှစ်ဖွာလောက်နဲ့စောက်ရမ်းhigh လို့ရတယ်၊ တော်သေးတာပေါ့အာခေါင်ခြောက်တာနဲ့မျက်လုံးနီတာပဲ ဖြစ်လို့၊ ပြာယာခတ်ပြီးဂယောင်ခြောက်ချားဖြစ်သွားတာဆိုရင်တော့ ငါindicaတစ်လိပ်နဲ့မင်းကိုမြန်မြန်ဖိမှရလိမ့်မယ်၊ မဟုတ်ရင်ထိန်းရခက်ပြီ"
တော်ပါတော့ဆိုသည့်ပုံစံဖြင့် ခေါင်းသာခါပြလိုက်သည်။ ဆက်ပြောလျှင်လည်း ငါတို့stonerလောကမှာဆို မည်သို့မည်ပုံဟုအစချီပြီး နားရည်ဝနေသောအကြောင်းအရာတွေအား ရှင်းပြလိမ့်ဦးမည်။
"ငါဆွဲသွားမှာကြောက်လို့ တော်ပြီ"
စုတ်သတ်ရင်းနှင့် လမင်းကိုသနားစရာသတ္တဝါလေးတစ်ကောင်လို အထင်smallသည့်မျက်လုံးများဖြင့်ကြည့်သည်။ ပါးကိုနှစ်ချက်ခက်ဆင့်ပုတ်ပြီးမှ...
"Dosage တွေကိုထိန်းလေ မဆွဲပါဘူးငါ့ကောင်ရ၊ မင်းပြောသလိုဆွဲရကြေးဆို ဆေးရုံတက်လို့မော်ဖိန်းထိုးရတဲ့လူတွေဘယ်လိုလုပ်မလဲ၊ ထောင်ချီနေတာလေ၊ မင်းကိုလောကကြီးရဲ့အပြင်ဘက်ပျော်စရာဘုံကလေးကို ဒီကောင်ကြီးကခေါ်သွားချင်လွန်းလို့၊ ငါဆို၃နှစ်ရှိပြီ ဘယ်မှာဆွဲလဲပြော"
YOU ARE READING
Cigarette
Romanceမင်းသာ cigarette တစ်လိပ်ဆို မင်းအပေါ်မှာလောင်မြိုက်လာမဲ့ မီးစလေးဟာ ကိုယ်ပဲဖြစ်ချင်တယ်။ မင်းသာ cigarette တစ်လိပ်ဆို မင်းအပေါ်မှာလောင်မြိုက်လာမဲ့ မီးစလေးဟာ ကိုယ်ပဲဖြစ်ချင်တယ်။ Cover photo:source from pinterest