Part 22

151 18 3
                                    

Unicode

"ဘာတဲ့လဲ အဲ့တစ်ယောက်က"

"boss နဲ့တွေ့ချင်တယ်ပဲပြောနေတာပဲ၊ အလုပ်လျှောက်ချင်လို့လား cv ထားခဲ့ပါဆိုတော့လည်းမဟုတ်ဘူး၊ boss ကိုပဲတွေ့မှာတဲ့၊ appointment ယူထားလားဆိုတော့လဲ ဟင့်အင်းတဲ့၊ အဲ့တာနဲ့ခဏစောင့် ပြော​​ကြည့်ပေးမယ် လို့ပြောလိုက်တယ်"

"ချီးကွ မရဘူးလေ၊ boss က သူ့သမီးနေမကောင်းလို့ ငါတို့ကိုတောင်ဆူဆဲနေတာစိတ်မကြည်ဘဲ၊ မင်းကတော့ကွာ"

staff အချင်းချင်းပြောနေကြသည့်စကားသံတီးတိုးတွေအား အကုန်သဲကွဲစွာကြားနေရသည်မို့ သမီးဆိုသည့်အသံတွင် Zi Xin နားရွက်တွေတောင်ထောင်လို့ရလျှင် ထောင်သွားမည်ထင်ပါသည်။ မဟုတ်မှ သူမသိသည့်သူရိန်၏ဘက်ခြမ်းက တိတ်တိတ်ပုန်းအိမ်ထောင်သည်တွေဘာတွေများဖြစ်နေတာမျိုးလား။

"ဟာ...ငါလည်းမသိတော့ဘူးကွာ ခေါင်းနောက်လာပြီ"

staff ကောင်လေးနှစ်​ယောက်သည် သူ့ဘက်လှည့်ကြည့်လိုက် ခေါင်းတွေတဗြင်းဗြင်းကုတ်လိုက်နှင့်ပင် အလုပ်ရှုပ်နေတော့၏။ မကြာလိုက် ဝန်ထမ်းနှစ်ဦးထဲမှ တစ်ဦးသည် Zi ထိုင်နေရာဘက်ကိုလျှောက်လာနေ၏။ ရောက်တော့လည်း သောကအပေါင်းသောင်းခြောက်ထောင် ခိုအောင်းနေသောမျက်နှာထားဖြင့်

"ဟိုလေ ဒီကအကိုလေးကိုအားတော့နာပါတယ်၊ မစောင့်ပါနဲ့လားဗျာ၊ boss က ဒီနေ့ရာသီဥတုမသာယာဘူး"

"ဒါဆိုမင်းတို့boss ကို ကိုယ့် form ပြကြည့်ပေးမလား၊ သူမထွက်လာနိုင်ရင်သူရှိတဲ့နေရာတော့ ကိုယ်သွားလို့ရတယ်မလား"

တဟုတ်ဟုတ်နှင့်ပင် ခေါင်းတွေဖန်ခါတလဲကုတ်ကာ ထွက်သွားပြန်ပါ၏။ သူတို့အတွေးတွေလည်းရှုပ်ထွေးနေလောက်မှာပေါ့။ ဒီတစ်ယောက်ကအလုပ်သာလာလျှောက်တာ အလုပ်မရခင်ထဲကအကြောတင်းနေသည်ထင်နေလိမ့်မည်။ staff တစ်ဦး ဆိုင်အတွင်းဘက်ထဲဝင်သွားလိုက်သည်နှင့် အပြင်တွင်ကျန်ခဲ့သည့်တစ်ဦးက လပ်အုပ်ချီမိုးကာဘုရားတနေဟန်တူ၏။ သူရိန်သည် ထိုမျှကြောက်ရသည်အထိ အုပ်ချုပ်မှုတင်းကြပ်မှန်း Zi တစ်ခါမျှတွေးပင်မတွေးမိခဲ့ဖူးပါ။

CigaretteOnde histórias criam vida. Descubra agora