Part - 21

121 15 5
                                    

Unicode

နေမွန်းတည့်ချိန်ဖြစ်သော်လည်း နေမပူပြင်းသည့်ရာသီဥတုနှင့်နေရာဒေသမို့ လေးငယ့်ပိုင်ရာဖူဆယ်ကွင်းလေးထဲတွင် ကြက်တောင်သွားရိုက်ဖြစ်ကြသည်။ လေးငယ်တို့၏ပိုင်ဆိုင်မှုတွေကိုကြည့်ပြီး သူရိန့်အား သူဌေးလေးဘာညာစနောက်ကျပေမယ့် ဒါတွေအပေါ်သူရိန်မသာယာမိခဲ့သည့်အပြင် စကားနိုင်လုနိုင်ပါသေးသည်။ တကယ်မှာဆိုဒါတွေအားလုံးသည်လည်း လေးငယ်တို့ကြိုးစားမှုတွေဖြစ်ထွန်းလာခြင်းက ငါးဆယ်ရာခိုင်နှုန်းလောက်သာဖြစ်ပြီး ကျန်ငါးဆယ်ကတော့ မျိုးရိုး၏ဘိုးဘွားပိုင်တွေဖြစ်ခဲ့သည်။

ဘိုးဘွားအမွေလည်းထိန်းသိမ်းရင်း တိုးချဲ့လုပ်ကိုင်နိုင်စွမ်းရှိကြသည်ကိုတော့ မေမေ့ဘက်ကမောင်နှမတွေအကုန်ကိုမချီးကျူးဘဲမနေနိုင်။ မေမေ့လုပ်ငန်းတွေအတွက် ဝင်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း အမြဲအကြံပေးလမ်းပြနေကျဖေဖေ့ကိုပါ တပါတည်းတွေးမိသွားသည်။ မိသားစုအကြောင်းတွေရင်းကျေနပ်နေမိသည့် ကိုယ့်ကိုယ်ကို ခေတ္တခဏချိုးနှိမ်မိသွားချင်သည့်အချိန်သည် တစ်စုံတစ်ယောက်ကိုမြင်လျှင် အလိုလိုဖြစ်ပေါ်လာတက်သည်။

ဂုတ်ထောက်နေသည့်ဆံနွယ်စတို့အား အနောက်ဘက်တွင် မမှီမကမ်းစုစည်းထားပုံက သူ့မျက်နှာအားပို၍ကြည်လင်သွားစေသည်။ တီရှပ်တစ်ထည်လုံး ချွေးတို့ရွှဲရွှဲနစ်နေသည့်အပြင် အရောင်တင်ထားသောအရှေ့ဆံပင်တိုစစတို့တွင်ပါ ချွေးစက်ချွေးပေါက်တို့ ခိုလွှဲနေသည်ကို အဝေးမှပင်ခံစားသိရှိ၍ရသည်။ လမင်းထွက်သွားသည့်နှစ်က သူ့အမေအပ်ခဲ့သည့်အိမ်နှင့်ကားကို သူရိန်ပေးဖို့အချိန်တန်ပြီလားမသေချာမရေရာစွာပင်။ လမင်းကရော ဒီမှာနေရစ်မည်လား။ မန္တလေးသို့ပြန်မည်ဆိုလျှင်ရော သူရိန်ပေးဖို့လိုမည်လား။ အတွေးပေါင်းစုံတို့ပြည့်နှက်နေတုန်း လာဗင်ဒါအနံ့ခပ်ပြင်းပြင်းက အနံ့ခံအာရုံကြောတို့အား လှုံ့ဆော်သည်။

အနားကိုအမြဲရောက်လာတက်သူအား ဝဋ်ကြေတမ်းကြေး ပြောစရာစကားအစရှာရသည်မှာလည်းခက်၏။

"မင်းရော သွားမဆော့ဘူးလား"

"ဟင့်အင်း၊ ကျနော်မှ ကိုကို့လိုအားကစားဝါသနာမပါတာ"

CigaretteWhere stories live. Discover now