Part 25

70 4 6
                                    

Unicode

ဖုန်းမျက်နှာပြင်တွင်ပေါ်နေသော ခပ်ဝါးဝါးဓာတ်ပုံအချို့အား အာရုံစူးစိုက်စွာဖြင့် ကြည့်နေမိသည်။ အားမရစွာပင် စာအုပ်စင်အပေါ်ဆုံးထပ်ရှိ ဘုရားစာအုပ်များကြားတွင်တင်ထားသောစာကြည့်မျက်မှန်အားလှမ်းယူကာတပ်လိုက်သည်။ ဖုန်းကိုင်ထားသောလက်တွေ တဆက်ဆက်တုန်ရီလာသည်။

"ဒါ ဒါ သားနဲ့အမြဲရန်ဖြစ်နေတဲ့ လမင်း"

လမင်းနှင့်Zi xin တို့၏ပုံတွေသည် ရေတွက်၍မရအောင်ပင်ဝင်ချလာ၏။ တစ်ဖက်ကပို့နေသူ၏ရည်ရွယ်ချက်ကိုမတွေးမိခင် လက်ဆောင်အနေနှင့်ပါဝင်သည့် သားဖြစ်သူနှင့်လမင်း၏ပုံတွေ။ အမြင်ရိုင်းလှတယ်မဟုတ်ပေမယ့် သာမာန်သမာရိုးကျသူငယ်ချင်းတွေနှင့်မတူ။ အဝေးမှခိုးရိုက်ထားသည့်ပုံတွေဖြစ်၍ ခပ်ဝါးဝါးသာမြင်ရသော်လည်း မိခင်တယောက်အနေနှင့် ကိုယ့်သား၏အနေအထားကိုခန့်မှန်း၍မခက်ပါ။

အာခေါင်တွေခြောက်သွေ့လာကာ အနီးရှိကုလားထိုင်ပေါ်တွင် ပြိုလဲချမိလိုက်၏။ ကိုယ့်ကိုယ်ကိုထိန်းမရအောင်နားထဲပြန်ကြားရောင်လာသည့်အသံတွေ။

"နွေးရဲ့သားတို့အုပ်စုထဲက လမင်းဆိုတဲ့ကောင်လေးကဂေးနော်သတိထား၊ ကျုပ်သားကတောင်မေးတယ် နွေးသားနဲ့အဲဒီကောင်လေးတတွဲတွဲပဲတဲ့အရင်က၊ ဟိုကောင်လေးဆေးဆွဲနေတုန်းကလည်း နွေးရဲ့သားကပဲ အတင်းဖြတ်ခိုင်းတာဆိုလားမသိပါဘူး၊ ကျုပ်လည်းသားရှင်ချင်းအတူတူ ကိုယ်ချင်းစာမိလို့တားသင့်တန်တားရတာ၊ ဟိုကောင်လေးကမိမဲ့ဖမဲ့၊ ဖြစ်ချင်တိုင်းဖြစ်နေတာ၊ ကောင်လေးတွေနဲ့လည်းတရုန်းရုန်းပဲတော်မြင်တောင်မကောင်း၊ အခုလည်း နာမည်ရခါစဆယ်လီကောင်လေးတစ်ယောက်နဲ့တွဲနေတယ်လို့သတင်းတွေထွက်နေတာ၊ အဲဒီကောင်လေးကလည်း နွေးရဲ့သားဆိုင်မှာအလုပ်ဝင်နေတာဆို ဟုတ်ရဲ့လား၊ ကြားရတဲ့သတင်းတွေက မမွှေးပါဘူးနွေးရယ်၊ နွေးရဲ့သားကိုသတိထားနော် လမ်းမှားရောက်မယ်၊ ကျုပ်ကစေတနာနဲ့သားရှင်ချင်းမို့ပြောပြတာ"

ဘုရားဘုရား။

သား ညကအိမ်ပြန်မလာပါ။ သမီးနွယ်ရိုးကိုသူ့အိမ်ပြန်လိုက်ပို့ပြီး ဆိုင်ကိုပြန်ထွက်သွားသည်ဟုပြောသည်။ ညကတစ်ညလုံး သားဆိုင်မှာဟိုလမင်းဆိုသည့်ကောင်လေးနှင့်များ အတူရှိနေခဲ့သည်လား။

You've reached the end of published parts.

⏰ Last updated: Sep 15 ⏰

Add this story to your Library to get notified about new parts!

CigaretteWhere stories live. Discover now