Part - 2

239 29 6
                                    

Zawgyi

"ရော့ အန်တီ ဟိုနေ့က ခွက်ဖိုး"

"ဟဲ့ ဒီလောက်နဲ့မရသေးဘူးလေ၊ ပြီးခဲ့တဲ့အပတ်က ရေနွေးခွက်လေးခွက်ရယ် ကြွေပန်းကန်တစ်ချပ်ရယ်က နင့်အဖေလာပေးမှာလား"

စိတ်ရှုပ်ရှုပ်ဖြင့် နားသယ်စပ်မှဆံပင်များကို ကုတ်နေမိသည်။ ကောင်မလေးတွေလည်းဝိုင်းကြည့်လိုကြည့်နှင့် ရှက်တော့လည်းရှက်မိသား။

"ကျန်တာတွေ ဟိုကောင်လာမှတောင်းဗျာ၊ ကျွန်တော်ပဲပေးနေရတာ"

"ဟိုကပြောတော့ နင့်ဆီကတောင်း နင်ကပြောတော့သူ့ဆီကတောင်း၊ ရန်ဖြစ်တော့နှစ်ယောက်အတူဖြစ်ကြတာလေ ခွေးကောင်လေးတွေရဲ့"

တဖြည်းဖြည်းအသံကျယ်လာသော ဆိုင်ရှင်အန်တီကြောင့် သူရိန်နောက်ကျောမလုံဖြစ်လာသည်။ နှုတ်ခမ်းပေါ် လက်ညိုးတင်ရင်း တိုးတိုးပြောရန်သတိပေးတော့ "ရန်ဖြစ်တုန်းကမရှက်ကြဘူး" ဟု မကျေမနပ် ပြောလာသည်။

"ကဲဗျာ နောက်နေ့ကျွန်တော်လာပေးမယ်၊ အခုတော့အအေးတစ်ဘူးယူသွားပြီ၊ သွားပြီအန်တီရေ"

ရေခဲစိမ်ပုံးထဲမှ max လိမ္မော်တစ်ဘူးနှိုက်ထုတ်ကာ ပြေးထွက်လာခဲ့သည်။ "ဟဲ့ကောင်လေး နေဦးဟဲ့" ဆိုသည့် အဒေါ်ကြီးအသံကိုလည်းကြားသည်။ ဆက်နေရန်လည်းမဖြစ်တော့အောင် practical အချိန်နောက်ကျနေပြီ။ လိမ္မော်ရေကို ပြေးရင်းနှင့်မော့ချလိုက်တော့ အင်္ကျီပေါ်ပေကုန်သည်။ ခါလိုက်တော့မသိရ။ သူရိန်ကအင်္ကျီအရောင်အမှိုင်းသာဝတ်သူမို့ ပေကျံမှာတော့စိုးရိမ်စရာမရှိပါ။ အမည်းနှင့်အနက်၊ မီးခိုးနှင့်ခဲရောင် ဟူ၍တောင် တူနေသောအရောင်ကို အမည်နှစ်မျိုးခွဲ၍နှစ်ထည်စီရှိသည်။

ကျန်တာတွေလည်း အညိုပုပ်၊ မြင်းချေးစိမ်းရောင်လို မှိုင်းနေသောအရောင်တွေသာဝတ်လေ့ရှိသည်။ ဟိုသကောင့်သားကတော့ သူ့လိုမဟုတ်။ မှိုင်းသောအရောင်မှလွဲ၍ လင်းသောအရောင်အစုံဝတ်သည်။ မိုးပြာရောင်နုနုတို့ ပန်းနုရောင်တို့ဝတ်လိုက်လျှင် နွယ်ရိုးတို့များသိပ်သဘောကျ။ အသားဝင်းသူမို့လိုက်လည်းလိုက်သည်။ သူရိန်၏အသားအရောင်မှာ အဲ့ကောင်လိုမဟုတ်။ အညိုဘက်အရမ်းမသွားသော်လည်းအသားညစ်သည့်ထဲ ပါ၏။ သို့ပေမယ့် ဒါလည်းဆွဲဆောင်မှုတစ်မျိုးမဟုတ်လား။ ၆ပေနီးနီးရှည်သောအရပ်နှင့် ဒီအသားအရည် ဒီပုံစံကို ကိုယ့်ကိုယ်ကိုပင် ပြန်သဘောကျချင်သည်။ ဖြောင့်၍မရသောကောက်ခြင်းမျိုးနှင့် လိမ်ကွေးနေသည့် ခေါင်းပေါ်မှကောက်ရိုးပုံတော့မပါခဲ့။

CigaretteWhere stories live. Discover now