မနက်ခင်းရောက်တော့ အိပ်ရာနိုးနိုးချင်း မထသေးဘဲ အိပ်ရာဘေးကဖုန်းကို အရင်ကောက်ကိုင်လိုက်တယ်။ အဲ့မှာတွေ့လိုက်ရတဲ့ မက်ဆေ့ဂျ်တွေကြောင့် လူက ခေါင်းနားပန်းကြီးသွားရတယ်။ ဟိုအရိုင်းစိုင်းကောင်ဆီက ပို့ထားတာတွေ။
💬ငါလိုးမ မအေပေး
💬သောက်ကျက်သရေတုံးတဲ့ကောင်
💬ငါလိုးမသား
💬ခွေးသူခိုး
💬သူတောင်းစား
တဆိတ်၊ လွန်ပြီလို့မထင်ဘူးလား။ မနေ့ညတုန်းက အားရအောင်ဆဲပြီးပြီပဲလေ၊ အခုထပ်ဆဲစရာလား။ ပြီးတော့ အမှားလုပ်ခဲ့တာကျွန်တော်မို့ ဆဲချင်ရင် ကျွန်တော့်ကိုပဲဆဲလေ၊ ဘာကိစ္စ ဒီ ငါလိုးမသားတို့၊ မအေပေးတို့ဆိုတာကို ဆဲရတာလဲ။ ပြီးတော့မနက်ခင်းကြီး၊ မနက်ခင်းဆိုတာ နေ့တစ်နေ့ရဲ့ မင်္ဂလာအရှိဆုံးအချိန်.. ဒီအချိန်မှာ လာဆဲနေတာကတော့ နည်းနည်းနောနောရိုင်းတာမဟုတ်တော့ဘူး။
💬ငါ့အမေတော့မရဘူးဟိတ်ကောင်... လီးပဲရမယ်.. လီး.. လီး..
စိတ်တိုတာနဲ့ ကျွန်တော်ပြန်ပြီး မက်ဆေ့ဂျ်ပို့လိုက်တယ်။ ကျွန်တော်ပို့လိုက်တော့ သူ့ဘက်ကလည်း ချက်ချင်းပြန်ပို့တယ်။
💬ဟိတ်ကောင်ဘဝဟောင်း သတ္တိရှိရင် ဖုန်းခေါ်လိုက်
💬ဘာကိစ္စငါကခေါ်ရမှာတုန်း၊ မင်းခေါ်ပါလား
💬မင်းခေါ်
💬မခေါ်ဘူး။ မင်းခေါ်
💬မင်းခေါ်
💬မင်းခေါ်
ပြောရင်းဆိုရင်းဖုန်းဝင်လာတယ်။ နံပါတ်ကိုကြည့်လိုက်တော့ အဲ့ဒီအရိုင်းအစိုင်းဆီကပဲ။ အစိမ်းရောင်မီးဘက်ကိုဆွဲလိုက်တော့ ချက်ချင်းဆိုသလိုအသံထွက်လာတယ်။
"ငါလိုးမ ဘဝဟောင်း... လီးပဲဟိတ်ကောင်.. မင်း ငါနဲ့တွေ့မယ်"
ပြောပြီးဖုန်းချသွားတယ်။ ကျွန်တော်ပြန်ခေါ်တော့ လုံးဝမကိုင်တော့ဘူး။
_____________
မနက်ခင်းမှာ အဲ့ဒီအရိုင်းစိုင်းဆီကနေ ဆဲသံဆိုသံနဲ့ အဖွင့်ခံထားရတာကြောင့် ကျွန်တော်စိတ်မကြည်။ ဒီကြားထဲ ဇော်နိုင်ဦးကပါ ကျွန်တော့်ကိုမြင်မြင်ချင်း အခြေနေဘယ်လိုလဲ၊ ဘုန်းကြီးတို့၊ သီလရှင်တို့တော့ မဟုတ်ဘူးမလားတဲ့ မေးနေသေးတယ်။