"ဟိတ်ကောင် မင်း ရူးများသွားတာလား"
"ဘာလဲကွ.. အရင်းမရှိအဖျားမရှိနဲ့"
"ရူးချင်ယောင်ဆောင်မနေနဲ့ဟိတ်ကောင် မနေ့ညတုန်းက ဘာကိစ္စ အောက်ခံဘောင်းဘီကြီးကို လိုင်းပေါ်တင်ရတာတုန်း"
"ငါလား... မတင်ပါဘူး"
"မင်းမတင်လို့ ဟုတ်တယ်... အဲ့ဒီ ဝလုံးလေးဆိုတဲ့အကောင့်က ဘယ်ခွေးသူတောင်းစားသုံးနေတာမို့လို့တုန်း"
ဇော်နိုင်ဦးဆီကနေ ဝလုံးလေးဆိုတာကိုကြားတော့ ကျွန်တော်မရယ်ဘဲမနေနိုင်၊ ဟိုဘက်အိမ်ကကောင် ကျွန်တော့် facebook acc ကို ဘယ်လိုများရှာတွေ့တာလဲမသိ။ တကယ်ဆို ဘဝဟောင်းဆိုတဲ့နာမည်နဲ့ ဖွင့်ထားတာမဟုတ်လို့ ကျွန်တော့်အကောင့်ကို ဘယ်သူမှသိပ်မသိကြဘူး။ အဲ့ဒါကို အဲ့ဒီကောင်က ရအောင်ရှာနိုင်တယ်။ ပြီးတော့လည်း ဘာတဲ့ ကျွန်တော့်ကို ဝလုံးလေးဆိုပဲ...
"ဟိတ်ကောင်..."
"ဘဝဟောင်း... သားကြီး"
"ဟမ်! ဘာပြောလိုက်တာတုန်း"
"ငါမေးတာမဖြေဘဲနဲ့ ဘာကိစ္စ မတ်တတ်ကြီးပြုံးနေတာတုန်း"
"မင်းက ဘာမေးနေတာတုန်း"
"အောက်ခံဘောင်းဘီပုံကြီး ဘာလို့တင်ရတာတုန်းလို့ မရှက်ဘူးလား"
"သြော်... အဲ့ဒါ ဟိုဘက်အိမ်ကကောင်ကို စနေတာ၊ အဲ့ဘောင်းဘီက သူ့ဘောင်းဘီလေ"
"ဟမ်!! သူ့ဘောင်းဘီက မင်းဆီဘယ်လိုလုပ်ရောက်"
"ပြောရင်ရှည်တယ်သားကြီးရာ... ငါပေးပေးနေတဲ့ ဖုန်းနံပါတ်ပိုင်ရှင်က သူပဲ"
"ဟေ! တကယ်ကြီးလား"
"အင်း။ ငါ့ကို အနှောက်ယှက်ပြန်လာပေးတာတဲ့... အဲ့ဒီကောင် တအားရယ်ရတာ"
"ဒါဆို တံတားကြီးအောက်မှာချိန်းတာက သူပေါ့"
"အေး"
"မင်းကိုမရ,မကရှာပြီး လိုက်လာတယ်ဆိုတော့ သူ အတော်လေး ပေါက်ကွဲနေတာနေမှာ"
"ပေါက်ကွဲတာတော့ပြောမနေနဲ့... ငါ့ကိုမြင်တိုင်း ဆဲမယ်ဆိုတာချည်းပဲ"
"အေးပေါ့... ငါဆိုလည်းဆဲမှာပဲ"
"အေးပါ ငါခံသင့်တယ်ဆိုတာကိုသိပါတယ်။ အခုတော့သွားကြစို့ လမ်းမှာမနက်စာဝင်စားဦးမှာဆိုတော့ နောက်ကျနေမယ်"