"ငါ့ဂီတာကို ဒီအထိသယ်လာတယ်ပေါ့"
အခန်းထောင့်မှာ ထောင်ထားတဲ့ဂီတာကိုကြည့်ပြီး ကျွန်တော်မေးတော့ သူပြုံးတယ်။
"ဘယ်ကမလဲဗျ... ကျွန်တော်ပြမယ်"
ကျွန်တော်ပြမယ်ဆိုပြီး ဗီရိုပေါ်မှာ တင်ထားတဲ့ ဂျက်စက္ကူပုံးကို သူလှမ်းယူတယ်။
"ဒီမှာလေ ကိုကိုရဲ့..."
အနားကိုရောက်လာပြီး စက္ကူပုံးကိုဖွင့်ပြတယ်။ အထဲမှာတွေ့လိုက်ရတာကတော့ ညီတူညာတူဖြတ်ထားတဲ့ စာရွက်အမြှောက်အများတွေဖြစ်တယ်။ ဘာတွေလဲဆိုပြီး ယူကြည့်လိုက်တော့ ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွားရတယ်။
-ငါလိုးမဘဝဟောင်း...
-ဘဝဟောင်းဆိုတဲ့ကောင် သတ္တိရှိရင် တံတားအသစ်ကြီးအောက်ကိုလာခဲ့....
-ဝလုံးလေးစိတ်ဆိုးပြေတော့ကွာဆိုတဲ့ စာရွက်တွေ...
"ဒါတွေကိုသိမ်းထားတယ်"
တအံ့တသြနဲ့ ကျွန်တော်ပြန်မေးတော့... သူပြုံးပြန်တယ်။
"ဒီခုတင်အောက်မှာ ကိုကို့ဘောင်းဘီကျန်သေးတယ်"
ပြောပြီး သူဆွဲထုတ်တယ်။
"အဲ့ဒါကြီးကိုပါ သိမ်းထားတာလားကွာ နံရနံနဲ့ကို"
"အလွမ်းဖြေစရာက ဒါလေးတွေပဲရှိတာကိုး... အဲ့တော့ သိမ်းထားရတာပေါ့"
ဒီလိုကြားရတော့လည်း ကျွန်တော်စိတ်မကောင်း... သို့ပေမဲ့ နည်းနည်းတော့ပျော်တယ်။ သူ ကျွန်တော့်ကိုသတိရတယ်ဆိုလို့လေ...
"ဒါနဲ့ ဘောင်းဘီကို ဘာလို့ခုတင်အောက်မှာ ထားထားရတာတုန်း... မဟုတ်မှ မင်း..."
မယုံသင်္ကာနဲ ကျွန်တော်မေးတော့ သူခေါင်းကိုငုံ့တယ်။
"ဟုတ်တယ်ကိုကို... အဲ့ဒါနဲ့ အာသာဖြေ... ဟာ ကိုကိုဘာလုပ်တာတုန်း"
သူ့စကားမဆုံးခင်မှာပဲ သူ့လက်ထဲကဘောင်းဘီကို ဆွဲလုပြီး အမှိုက်ခြင်းထဲထည့်လိုက်တော့ သူ ပျာပျာသလဲဖြစ်သွားတယ်။ ပြီးတော့ ဘောင်းဘီကိုပြန်ကောက်ဖို့ ပြင်နေတာကြောင့် ကျွန်တော်စိတ်တိုသွားတယ်။