ဒီနေ့ ဇော်နိုင်ဦးက သူ့အမေကို အမျိုးမင်္ဂလာဆောင် လိုက်ပို့ရမှာမို့တဲ့ ကျောင်းတစ်ရက်နားတယ်။ အဲ့တော့ ဒီကနေ့ ကျွန်တော်တစ်ယောက်တည်းပဲ။ တစ်ယောက်တည်းဆိုတော့ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်တယ်။ တစ်ခုခုစားဖို့ ဆိုင်ထိုင်ရတာတောင် လေပေါစရာလူမရှိဘာမရှိနဲ့ဆိုတော့ နည်းနည်းတော့ ပျင်းဖို့ကောင်းတယ်။
"ဘဝဟောင်း... မောင်လေး တစ်ယောက်တည်းလား၊ မမထိုင်မယ်နော်"
ပြောပြောဆိုဆိုပဲ ကျွန်တော်ထိုင်နေတဲ့ဝိုင်းမှာ ဝင်ထိုင်လာတဲ့သူမ,
"သူငယ်ချင်းမပါဘူးလား"
"ဟုတ်ကဲ့... မပါဘူးဗျ"
"ဒါဆို မပူနဲ့၊ တို့အဖော်လုပ်ပေးပါ့မယ်၊ တို့လည်းတစ်ယောက်တည်းပဲလေ"
"သြော်... ဟုတ်၊ သဘောပါဗျာ"
ဒီနှစ် ကျွန်တော် ရည်းစားထားမယ်လို့ ဆုံးဖြတ်ထားတာမို့ လာရောသမျှမိန်းခလေးတိုင်းကို ငြင်းမနေတော့ဘူး။ အလိုက်အထိုက်စကားပြောရင်းနဲ့ပဲ အဆင်ပြေတဲ့တစ်ယောက်နဲ့ တွဲဖို့လျာထားတယ်။ အဲ့ဒါကြောင့် ဒီတစ်ယောက်နဲ့လည်း ကျွန်တော် ရယ်ရယ်မောမောပဲ စကားပြောနေလိုက်တယ်။
"ဝလုံးလေး စောင့်နေရတာကြာပြီလား... sorry ပါကွာ၊ မင်းရဲ့ အောက်ခံဘောင်းဘီ ရှာမတွေ့တာနဲ့ ကြာနေတာ၊ ရော့ ဒီမှာ တစ်ခါတည်း လျှော်လာခဲ့တယ်နော်၊ နမ်းကြည့်လိုက်... ဝလုံးလေးကြိုက်တဲ့ စံပယ်နံ့လေး..."
ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ ဟိုဘက်အိမ်ကကောင်က ပြောရင်းဆိုရင်းနဲ့ပဲ ကျွန်တော်တို့ဝိုင်းမှာ ဝင်ထိုင်ပြီး သူ့အိတ်ထဲကနေ အောက်ခံဘောင်းဘီကြီးထုတ်ပြီး ကျွန်တော့်နှာခေါင်းနားကို အတင်းထိုးပေးလာတာကြောင့် ကျွန်တော်က ယောင်ယမ်းပြီး ရှူမိသွားတယ်။ တကယ်တမ်း ဘောင်းဘီအနံ့က သူပြောသလို စံပယ်နံ့မဟုတ်။ ချွေးနံ့ရောနေတဲ့ အောက်သိုးသိုးအနံ့ပဲ။
ကျွန်တော် မျက်နှာမဲ့သွားတာမြင်တော့ အဲ့ဒီကောင် တစ်ချက်ပြုံးတယ်။ ပြီးတော့ ဘောင်းဘီကို ကျွန်တော့်အိတ်ထဲဇွတ်ထည့်၊ သူလည်းထိုင်နေရာကနေထပြီး...