စာကြည့်စားပွဲမှာ ထိုင်ကာ မျက်မှန်တပ်လျှက် စာအုပ်ပုံထဲ ခေါင်းစိုက်နေရသည်က နာရီအတော်မျှ ကြာမြင့်နေပြီ။ ဒါတောင်မပြီးပြတ်သေးတဲ့ စာတွေကြောင့် ခေါင်းတွေပင် ကိုက်လာရသည်။
ဒီအရွယ်ထိတောင် စာတွေက လုပ်နေရတုန်း...။
အရင်က စာလုပ်ရလို့ တခါမှ မညည်းညူဖူးပေမယ့် Sehun နဲ့ တွေ့ပြီးနောက်ပိုင်းမှ ကျွန်တော်လဲ ပျင်းတတ်လာသည်ထင်သည်။ သူသွားရာနောက်ပဲ တကောက်ကောက်လိုက်ချင်ပြီး သူနဲ့ပဲ အချိန်တိုင်းရှိနေချင်နေသည်။
ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိပြီး လုပ်နိုင်သလောက် စာဆက်လုပ်ပြီး စာထဲစိတ်နှစ်ထားလိုက်သည်။ တစ်နာရီလောက်ကြာပြီးတဲ့ အခါ လူလဲ အတော်နုန်းသွားသည်။ အကြောတွေကို ဆန့်ကာ ခေါင်းကို ဘယ်ညာ ချိုးရင်း ဘေးခုံကာ စီးကရက်ဘူးထဲက စီးကရက် တလိပ်ထုတ်လိုက်ပေမယ့် မီးခြစ်က မရှိ ။ ဟော ! မီးခြစ် ဘယ်နားထားမိမှန်းမသိ..။
စာအုပ်တွေ လှန်ကာ ရှာရင်း မျက်စိရှေ့ တောက်လာသော မီးရောင်ကြောင့် မျက်တောင်တချက်ခတ်လိုက်မိသည်။ နောက်ကို ခေါင်းမော့ကြည့်မိသောအခါ...
"Sehun... ဘယ်အချိန်က အင်းးး..."
Sehun က အပေါ်ကနေ ငုံ့မိုးကာ နှုတ်ခမ်းတွေကို ပြင်းပြင်းထန်ထန်နမ်းရှိုက်လာသည်မို့ ကျွန်တော် လက်ထဲက စီးကရက်ကိုပင် ချိုးမိသွားသည်။
လွမ်းနေရတဲ့ အထိအတွေ့တွေကို မငြင်းပယ်နိုင်ပဲ Sehun ခါးပေါ်က ရှပ်အင်္ကျီ အဖြူကို ခပ်တင်းတင်းဆုတ်ကိုင်လိုက်သောအခါ နှလုံးခုန်နှုန်းတွေဟာ သာမန်ထက် ပိုပြင်းထန်လာခဲ့သည်။ အားမရစွာ Sehun ခါးကို ခပ်တင်းတင်းဖက်လိုက်ချိန်မှ လွတ်သွားသော အနမ်းတွေ....။
"ဟင့်အင်း...Hun...."
သူ့အနမ်းတွေခွါသွားပေမယ့် ကျွန်တော့ဘက်က မပြတ်နိုင်သေးတဲ့အတွက် အားမရသော အသံထွက်သွားသောအခါ Sehun က ကျေနပ်အားရစွာပြုံးသည်။
ကျွန်တော်ချစ်တဲ့ သူ့အပြုံးတွေ... အစွယ်လေး ပေါ်အောင် သူ ပြုံးလိုက်သည့်အခါ ကျွန်တော် ငေးမိသွားသည်။