မနက်စောစော ခြံထဲဝင်လာတဲ့ ကားသံကြောင့်
မျက်လုံးကို မနည်းဖွင့်ကာ စောင်ကို အသာလှန်ပြီး ဘေးမှာ အိပ်ပျော်နေဆဲ ကလေးငယ်ကို နမ်းရှိုက်လိုက်သည်။လက်မောင်းကို လာရောက်ဆုတ်ကိုင်ပေမယ့် မျက်လုံးတွေက ဖွင့်မလာသေး...။
တံခါးခေါက်သံထွက်ပေါ်လာတဲ့ အခါ ခုနက ကြားလိုက်ရသော ကားသံကို ပြန်အတွေးရောက်လာသည်။ အိပ်နေတဲ့ ကလေးငယ်ဟာလဲ မျက်လုံးတွေ ပွင့်လာခဲ့သည်။
"ဘယ်သူလဲ..."
"ကိုယ် သွားလိုက်မယ်"
တံခါးသွားဖွင့်တော့ နှုတ်ခမ်းမှာ ကိုက်ထားပြီးသား စီးကရက်ကို လက်ကာရင်း မီးခြစ် ခြစ်လိုက်တဲ့
Sehun မျက်နှာပေါ်လာသည်။မီးစွဲသွားပြီ ဖြစ်တဲ့ စီးကရက်ကို လက်ညိုးနဲ့ လက်ခလယ်ကြား ပြောင်းကိုင်လိုက်ပြီး
ထွက်လာခဲ့ဟု လက်နှချောင်းထောင် ယက်ကာ ခေါ်သည်။ခုတင်နားသွားပြီး ပြုတ်ကျနေသော အင်္ကျီကို ကောက်စွပ်တဲ့အချိန် စောင်ပုံထဲက ကလေးငယ်ဟာ ခေါင်းထောင်လာသည်။
"ဘယ်သွားမလို့လဲ...ဘယ်သူလဲ "
"Sehun ပါ...အလုပ်ရှိတယ်ထင်တယ်"
အောက်ထပ်ကို ရောက်တော့ Sehun က မီးဖိုခန်းထဲ ဝင်ကာ မီးကင်ထားတဲ့ ပေါင်မုန့်တချို့ကိုဝါးရင်း ဘရန်ဒီဖြင့် မျိုချနေသည်။
တဖက်ခုံ မှာ ချထားပေးသော ပေါင်မုန့်ချပ်တွေ ရှိရာမှာ ကျွန်တော် ဝင်ထိုင်လိုက်သည်။
"ထင်တဲ့ အတိုင်းပဲ...ငါတို့ မြင်းပွဲရှုံးတယ် "
ယိုသုတ်နေတဲ့ ကျွန်တော့ လက်တွေ ရပ်တန့်သွားတာကို Sehun က တချက် လှမ်းကြည့်လာသည်။
ဓားကို ခုံပေါ် ခနချလိုက်ရင်း ပေါက်မုန့်ကို ကိုက်ချလိုက်သည်။
" ဆိုစမ်းပါဦး Mr.Oh! မင်းက ရှုံးချင်တာလား နိုင်ချင်တာလား?"
"ရှုံးအောင် လုပ်ထားရတာကို နိုင်သွားဖို့တွေးနေသေးတာလား "
ဘရန်ဒီကို သောက်ရင်း Sehun က ပြောသည်။
အသင့်ချထားပေးပြန်တဲ့ ဘရန်ဒီကို သူ့အတိုင်းလိုက်သောက်လိုက်ရင်း...
![](https://img.wattpad.com/cover/213854363-288-k832473.jpg)