ပြသနာရှိတယ် ထင်ရတဲ့ တညတာကို ကျော်လွန် ခဲ့ပေမယ့် မီးဖိုခန်းထဲမှာ အေးဆေးစွာ မနက်စာပြင်နေနိုင်တဲ့ သူကတော့ ဘာပြသနာမှ ရှိနေပုံမရသလို ရှိနေမယ်လို့တောင် သူတွေးထားမလား...။
သူ့ ကျောပြင်ကို မျက်တောင်မခတ်ကြည့်ရင်း ထမင်းစားခန်းထဲကို ကျွန်တော် ဝင်လိုက်တော့...
"ခနလေးတော့ ထိုင် စောင့် Luhan
ကိုယ့် pasta ရတော့မယ် "သူပြောသလို ခနလောက်ထိုင်စောင့်နေပြီးတာနဲ့
လှပသေသပ်တဲ့ အပြင်အဆင်နဲ့ ကျွန်တော့ရှေ့ကို
Pasta တစ်ပန်းကန် ရောက်လာသည်။ကျွန်တော့ ဘက်ကို နွားနို့ခွက်ကို ချပေးတော့
ထိုနွားနို့ခွက်ကို ကြည့်ပြီး နွားနို့ အစား black coffee တခွက်ကသာ ပိုအဆင်ပြေ ကြောင်းပြော မယ့် ကျွန်တော့ စကားတွေဟာ သူ့ ဘက်က ဝီစကီခွက်ကို မြင်ပြီးတဲ့ နောက်....။"မနက်ထဲက အရက်သောက်နေရင်တော့..."
"အာ...ကိုယ် နွားနို့မကြိုက်လို့ပါ "
"ခင်များကို ဘယ်သူက အဲ့နွားနို့ ဝယ်ခိုင်းလို့လဲ"
"အရင်ကတော့ ကိုယ်လဲ ဝယ်မထားတတ်ပါဘူး..."
အသားကို ခက်ရင်းနဲ့ ထိုးကာ ခပ်ပြုံးပြုံးစားရင်း...
"အခုက ကိုယ့်အိမ်မှာ ကလေးတယောက်ရှိနေတယ်လေ "
သူပြောတဲ့ ကလေးဆိုတာ ကျွန်တော် မှန်းသိပြီးတဲ့နောက် ရှေ့က လူကြီးလူကောင်းကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်မိသည်။
ကျွန်တော့ဘက်က နွားနို့ ခွက်ကိုရော သူ့ဘက်က ဝီစကီခွက်ကိုရော ယူပြီး ရောသွန်ပစ်လိုက် သည်အထိ သူ့အပြုံးတွေ ပျောက်ကွယ်မသွား ခဲ့ဘူး။
"မင်းနဲ့ ကိုယ် အတူရှိနေခဲ့တဲ့ ဒီရက်အနည်းငယ် အတွင်းမှာပဲ မင်းအမေပြောတဲ့ မင်းက အရမ်းအေးပြီးလိမ္မာတယ် ဆိုတဲ့ စကားကို ကိုယ်နည်းနည်း သံသယ ဝင်လာတယ်..ဟက် "
ထိုစကားကို ရယ်သံရောယှက်ကာ ပြောပြီး
Pasta ကို ဆက်စားနေသည်။ ကျွန်တော် သူ့ရှေ့ခုံမှာ ပြန်ဝင်ထိုင်လိုက်သည်။"ဟုတ်ပါရဲ့ ခင်များသံသယ ဝင်စရာပဲ...
ကျွန်တော်လဲ သံသယ ရှိနေတာ ခင်များကို.."