Dear Husband ......

3.1K 561 47
                                    

"သေချာစောင့်ရှောက်ပေးပါဦး Sir "

Sehun နဲ့ လက်ဆွဲနှုတ်ဆက်နေသော ထို ပါမောက္ခ က ကျွန်တော့ကို ခပ်ပြုံးပြုံးကြည့်သည်။

တယောက်ထဲ ယောင်လည်လည်နဲ့ ကျောင်းအပ်မယ့် ကိစ္စက သူ့မျက်နှာ ပြရုံနဲ့

"အို...Mr.Oh ပဲ... !" ဆိုသော စကားနဲ့ အစချီခဲ့ရသည်။ ကျွန်တော် ယူထားတဲ့ ထိုအမျိုးသားက ထိုမျှလောက် မျက်နှာကြီးမှန်း မသိခဲ့ရဘူး။

"Luhan ကိုယ့်ကိုအဆင်မပြေတာတွေ ပြောနော်...."

ကားရှိရာသို့ ကျွန်တော် ပြန်သွားနေတုန်း Sehun က အင်္ကျီလက်ကို ခေါက်တင်ရင်း နောက် ကလိုက်လာကာ ပြောသည်။

သူပြောတဲ့ အဆင်မပြေစရာက သူ့ကျေးဇူးကြောင့် မရှိတော့တာ တော့ သူသိသင့်သည်။

"ခင်များကျေးဇူးနဲ့ အကုန်ပြည့်စုံနေပါပြီ..."

"အာ...ကိုယ် ပြောချင်တာ လူတွေ ...
မင်းကို နှိပ်စက်တာတွေဘာတွေ..."

"ဗျာ"

ကြားလိုက်ရတဲ့ စကားနဲ့အပြိုင် သွေးကြောတချို့ပေါ်နေသော သူ့လက်တွေဆီ အကြည့်ရောက်သွားသည်။

"ဘာ...ဘာလုပ်မလို့လဲဟင် "

Sehun က နှုတ်ခမ်းလှုပ်ရုံသာ ပြုံးပြီး ကျွန်တော့ မျက်နှာနားတိုးကပ်လာသည့်အခါ ကိုယ်ကို ကျုံ့သထက် ကျုံ့လိုက်မိသည်။

"မင်းအနားကို ကပ်ရဲတဲ့ ခြေထောက်လေးတွေ ချိုးရုံပါပဲ....သိပ်မစိုးရိမ်ပါနဲ့ "

မျက်ခုံးပင့်ပြကာ ဘေးလှည့်ရယ်လိုက်တော့ လစ်ကနဲ ပေါ်သွားတဲ့ အစွယ်လေးတွေနဲ့ ကျွန်တော့ ရှင်သန်ခြင်း တချို့က ကပ်ပါသွားသည်။

ခြေထောက်ချိုးရုံပဲတဲ့လား....အင်း...

ကျွန်တော် ကားပေါ် အရင်တက်လိုက်တော့
သူက နောက်က လိုက်တက်လာသည်။ အချိန် နေ့တဝက်လောက် ကုန်သွားတာမို့ ကားစီးရင်း အနည်းငယ် အိပ်ချင်လာသည်။

အိပ်ငိုက်ငိုက် ကျသွားတဲ့ ကိုယ်ကို ပြန်ထိန်းနေရသည့်ကြားထဲမှာ အိပ်ပျော်သွားသည့်
ကျွန်တော့သည် လက်ဖဝါးပြင်ကို ဆုတ်ကိုင်လာတဲ့ အရာတစ်ခုကြောင့် လန့်ကာ
ဆတ်ကနဲ ထထိုင်လိုက်မိသည်။

Dear Husband ......Donde viven las historias. Descúbrelo ahora