London မြို့ပြင်ရှိ တရားမဝင်နယ်မြေ....
Bar နှင့် ခပ်လှမ်းလှမ်းမှာ တည်ရှိသော
အဆောက်အအုံ ထဲတွင် ယောကျာ်းသားအများစု
ဆူညံစွာ စကားပြောရင်း အော်ဟစ်နေကြသည်။တုန်ခါနေတဲ့ ဖုန်းလက်ကိုင်ကို လှမ်းကိုင်ရင်း
ပြန်ဖြေပေးနေတဲ့ သူတွေနှင့် အပြိုင်
တယောက်နဲ့ တယောက် ရှောင်သွားရသော
အခြေအနေမှာ Mr.Oh , Loey Park နှင့် Jonny လဲ ပါဝင်နေခဲ့သည်။ဆေးလိပ်ကိုခဲရင်း တယောက်စီ တိုးဝင်ကာ လျှောက်နေရပေမယ့် သူတို့ နင်းခဲ့မိသော
ကြမ်းခင်းပေါ်မှာ ပိုက်ဆံ တချို့ ကျနေကောင်း ကျနေလိမ့်မည်။ ထိုပိုက်ဆံတွေပေါ်ကလဲ နင်းဖြတ်ခဲ့မိကောင်း ဖြတ်ခဲ့မိလိမ့်မည်။လျှောက်လမ်းတလျှောက် မိုးပေါ်က ပြန့်ကျဲကျလာတဲ့ ပိုက်ဆံရွက်တွေကိုလဲ
အရေးတယူ လိုက်ကြည့်မနေနိုင်။VVIP Room ထဲ ဝင်လိုက်မှ နောက်ဆုံးဝင်လာတဲ့ Jonny က အခန်းတံခါးကို ပိတ်ပစ်လိုက်သည်။ ထိုအချိန်မှ ဆူညံ့မှု့တွေလဲ မရှိတော့ပဲ ငြိမ်သက်သွားသည်။ အခန်းထဲ ကျူးကျော် ဝင်ရောက်နေသော ပိုက်ဆံရွက်တချို့ကို လှမ်းငေးကြည့်နေမိတုန်း Jonny က ခြေထောက်အနားတွင် ရှိနေသော ထိုပိုက်ဆံရွက်ကို နှုတ်ခမ်းတဖက်ကော့တက် အောင်ပြုံးကာ ဖိနပ်ထိပ်နှင့် ကန်ထုတ်လိုက်သည်။
"ကျွန်တော်တို့ နိုင်ခဲ့တဲ့ ဒီတခေါက် မြင်းပွဲက မစ္စတာကင်ဘာ တို့ နိုင်ခဲ့တဲ့ အရေအတွက်ထက် ပိုများတယ် "
တည်ငြိမ်နေလျှက်ရှိသော မျက်နှာထားနှင့်ပင် Jonny ကို မော့ကာကြည့်တော့ပြုံးနေသော
Jonny နှုတ်ခမ်းတွေက ကျွန်တော့ အကြည့်အောက်မှာတဖြည်းဖြည်းလျော့ကျ
သွားပြီး ထိုင်ခုံမှာ ဝင်ထိုင်လာသည်။Loey က အခြေအနေကိုကြည့်ရင်း ဘေးကနေ နှုတ်ခမ်းတွန့်ရုံသာ ပြုံးပြသည်။
"အံ့ဩစရာမရှိဘူး...
ဒါ ငါတို့ တွေးထားပြီးသား"Jonny က ခေါင်းကို ငြိမ့်ရင်း sofa နောက်မှီပေါ် လှဲချလိုက်သည်။ စားပွဲပေါ်က ပိုက်ဆံ အထပ်လိုက်တွေကို ကြည့်ရင်း လူမသိအောင်တော့ ပြုံးလိုက်မိပါသည်။