ခန္တာကိုယ်အစိတ်အပိုင်းတခုရဲ့ နာကျင်မှု့ကြောင့်
ကျွန်တော် လန့်နိုးလာခဲ့တော့ မြင်လိုက်ရတဲ့ ပတ်ဝန်းကျင်ကြောင့် မှီတွယ်နေမိရာ
လူတယောက်ရဲ့ ရင်ဘက်ကိုပါ ခပ်မြန်မြန် တွန်းလွှတ် လိုက်ရသည်။"အား.....ဒါ..."
ဖိထားမိသော လက်က ထုံကျင်နေသည်။
"နိုးပြီလား "
မျက်စိရှေ့က ပြုံးပြနေတဲ့ လူကို မြင်နေရ သည့်တိုင် မယုံနိုင်စွာ ထုံနေသော လက်ကို ဖိကိုင်ရင်း ပတ်ပတ်လည် လှည့်ကာ
ထိုင်နေရာက လှမ်း ကြည့်လိုက်သည်။"ညက...ကျွန်တော် ခင်များရင်ခွင်ထဲမှာ အိပ်ပျော်သွားခဲ့တာ "
စိတ်လှုပ်ရှားမှု့ကြောင့် တုန်တုန်ယင်ယင်ဖြင့်
အနည်းငယ် မြန်နေသော ကျွန်တော့ စကားတွေ
ကို သူက ဂရုတစိုက် နားထောင်ပေးရင်း ခေါင်းငြိမ့်ပြသည်။"အခု မင်းကိုယ့်ရင်ခွင်ထဲက နိုးလာတာပဲလေ..."
"မဟုတ်....ကျွန်တော် အိမ်မှာ အိပ်ပျော်ခဲ့တာ..."
တွေးရင်း တွေးရင်း စိတ်ညစ်စွာ လက်နှစ်ဖက်နဲ့
ဆံပင်တွေကြားထိုးသွင်း လိုက်သော ကျွန်တော့ပုံစံ ကို သူက အတော်စိုးရိမ်သွားပုံရသည်။"ဘာတွေ ဖြစ်ခဲ့တာလဲ? ဘာတွေဖြစ်နေတာလဲ?
အခု ကရော ဘယ်ကို သွားနေတာလဲ?"စိတ်လှုပ်ရှားပြီး ဒရဆက် ထွက်နေသော စကားတွေကြောင့် သူက ဖွင့်လိုက်ဆုတ်လိုက်ဖြင့်
စိတ်လှုပ်ရှားမှု့ကို ပြေပျောက်အောင် လုပ်နေမိသော ကျွန်တော့ လက်တွေကို ဆုတ်ကိုင်လာသည်။"မင်း အရမ်း စိတ်လှုပ်ရှားနေတာပဲ baby....
ကိုယ်ပြောတဲ့ စကားကြားရင် ပိုဆိုးသွားမလား"သူ့မျက်နှာကို မော့ကြည့်ပြီး ဘာကိုမှ နားမထောင်ခင် မျက်လုံးတွေကို မှိတ်.. ထိုင်ခုံကို မတ်မတ်မှီကာ အသက်ပြင်းပြင်းရှုပြီး လေတွေ မှုတ်ထုတ်လိုက်သည်။
5...4...3...2...1....
"Okay....အခု ပြောတော့ "
"ကိုယ် မင်းကို ခိုးပြေးလာတာ"
"ဘာ...ဘာ..ဘယ်လို?...Park Chanyeol ခင်များ! ကျွန်တော့ ဘက်ကို နည်းနည်းလေး
တောင် မစဉ်းစားပေးဘူး...အမေ စိတ်ဆိုးနေတော့မယ် "
