အထီးကျန်သင့်လား... ကျွန်တော့အနေနဲ့ အထီးကျန်ဖို့ မလိုဘူးထင်တယ်... ဒါပေမယ့် အထီးကျန်တယ်...
အချစ် မရှိ တဲ့ နေရာတိုင်းက အရမ်းအထီးကျန်ဖို့ ကောင်းလွန်းတယ်....
Loey နဲ့ ခွဲနေရတဲ့ ၂ပတ်မြောက်တဲ့နေ့ပေါ့...
ကျွန်တော့ Korea ကို ပြန်ရောက်တာ ၂ပတ်မြောက်တဲ့နေ့.... မာမီ ဟာ ဒီလို ချစ်ချင်စရာကောင်းတဲ့ လူနဲ့ ပေးတွေ့ခဲ့ပြီးမှ
စာမေးပွဲ ကိုတော့ အလွတ်မခံနိုင်ပါဘူး ဆိုပြီး
ဒီလူနဲ့ ခွဲပြီး Korea ကို ပြန်ခိုင်းခဲ့သည်..။"Baekhyun ကျောင်းထိပ်က အသစ်ဖွင့်တဲ့ ဆိုင်က အသားကင် promotion တဲ့နော် မင်းလက်မလွှတ်သင့်ဘူး"
"တော်ပြီကွာ ငါစိတ်မပါဘူး"
သူငယ်ချင်းတွေက ကျွန်တော့ကို အထူးအဆန်းဖြစ်ကာ မျက်ခုံးပင့်ပြီး ကြည့်လာသည်။
"မင်းဟာကလဲ ဟုတ်ရောဟုတ်ရဲ့လား အရင်က ဒါမျိုးဆို မင်းထိပ်ဆုံးကလေ ဆိုင်သစ်တွေရဲ့ လက်ရာဆို မင်းမမြည်းတဲ့ ဆိုင်ဆိုတာ
မင်းအဘိဓာန်မှာ မရှိခဲ့ပါဘူး""အေးကွာ အခုအဲ့လို မဟုတ်တော့ဘူးထင်ပါရဲ့"
ပြုံးကာ ပြောရင်း အထီးကျန်သင့်
မကျန်သင့်သာ တွေးပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာခဲ့သည်။ရက်စက်လိုက်တဲ့ အချစ်ရယ်.... ဖုန်းတချက်တောင် မဆက်ပဲ ဒီလူကိုမှ ပစ်ထားရက်တယ်... ။
"မချစ်တော့ဘူးလား"
"အင်းဟင်းးး ဘယ်ဟုတ်မလဲ"
ရင်းနှီးနေတဲ့ အသံကြောင့် အလန့်တကြား လှည့်ကြည့်မိတော့ ပါးချိုင့်ပေါ်အောင် ပြုံးကြည့်နေတဲ့ အမျိုးသားက အနောက်မှာ မြတ်နိုးချင်စရာကောင်းအောင် ရပ်ကြည့်နေခဲ့သည်။
"...."
"Baby... ကိုယ်မင်းနဲ့တွေ့ဖို့ ၂ပတ်တိတိ အလုပ်ကြိုးစားပြီး အပြေးလာခဲ့တာ... ဒီလိုပဲ ရပ်ကြည့်နေတော့မှာလား..? ဟင်?"
"ဟင့်! Loey!!!"
"haha...လာပါဦး ကိုယ့်ဆီ"
ဘုရား.....တကယ်ပဲ ကျွန်တော့ရှေ့မှာ ရှိနေခဲ့တာ
သူပါပဲလား....။ကျွန်တော့ သူ့ကို ဖက်ခွင့်ရမယ်ပေါ့...။ တကယ်ပဲလား..။