Dear Husband ......

3.1K 542 26
                                    

"ဘယ်သွားမလို့လဲ သားသား "

ဧည့်ခန်းက ပန်းအိုးထဲ နှင်းဆီပန်း ကိုလှလှ ပပ ထိုးရင်း အမေက လှည့်မေးလာသည်။

"သား သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ "

လွယ်အိတ်ထဲက ကားသော့ကို ရှာရင်း
ပြန်ဖြေလိုက်သည်။ ချောင်မှာကပ်နေတဲ့ ကားသော့လေးကို ယူရင်း လေထဲ မြှောက်ဖမ်းလိုက်ပြီး ထွက်မယ်အလုပ်...။

"မေမေနဲ့ Date လုပ်ရမယ့်နေ့လေ သားသား.."

မယုံနိုင်စွာ အမေ့ကို တချက်လှည့်ကြည့်ပြီး နာရီကို ငုံ့ကြည့်တော့ ဟုတ်ပါရဲ့....

လစဉ် လတိုင်း လကုန် တိုင်းက အမေနဲ့ Date လုပ်ခဲ့ရတဲ့ နေတွေဖြစ်သည်။ ဒီနေ့မှ တကယ်ကို မေ့သွားတာပဲ...။

"သားသားအကိုက မရှိပါဘူးဆို သားသား ကပါ အမေ့ကို ပစ်ထား...."

"ကဲပါ....သား မသွားတော့ဘူး နော် မေမေအလှပြင်ဦးမှာလား သားစောင့်နေမယ် "

မေမေဟာ သူတပါးစိတ်မကောင်းအောင်
တကယ် လုပ်နိုင်တာပဲ...။

ဘရားသား မရှိတော့ထဲက မေမေက အားငယ်တတ်နေပြီး ကျွန်တော်ပစ်ထားမိရင်လဲ စိတ်ဆိုးစိတ်ကောက်တာမျိုးတွေ ရှိလာတတ်သည်မို့ ကျွန်တော် အလိုလိုက်ပေးရတာ များလာသည်။

အားလုံးပြင်ဆင်ပြီး ထွက်လာတဲ့ မေမေ ကိုကြည့်ရင်း နှုတ်ခမ်းတွေ တွန့်ကွေးနေအောင်ပြုံးလိုက်မိသည်။

ကျွန်တော့ကို မွေးထုတ်ပေးတဲ့ အမေလို့ မပြောရဘူး...မေမေ က အရမ်းလှတာ.....။

"ဖေဖေ သဘောကျခဲ့တာ ဒါကြောင့်နေမယ်....
ဘာလို့ ဒီအချိန်ထိ နုပျိုနေတာပါလိမ့် "

ကျွန်တော့ လက်ကို ချိတ်တွဲရင်း အမေက
သဘောတကျ ရယ်သည်။ မေမေ့ကို 
ကားတံခါး ဖွင့်ပေးပြီး တနေ့တာရဲ့ Date လုပ်ခြင်းကို အစပြုခဲ့သည်။

တလ တခါ Date လုပ်ခြင်းက ရိုးရှင်းပါတယ်။
မေမေစားချင်တဲ့ နေ့လည်စာကို ကိုယ့်ပိုက်ဆံနဲ့ လိုက်ကျွေးရမယ် ။မေမေလုပ်ချင်တာတွေ
အကုန် ကိုယ့်ပိုက်ဆံနဲ့ပဲ အကုန် လုပ်ပေးရမယ်။
ဒီနေ့ အဖို့ မေမေဟာ ပိုက်ဆံ တပြားမှ ထုတ်ခွင့်မရှိသလို ထုတ်လဲ မထုတ်ဘူး...။

Dear Husband ......Where stories live. Discover now