ကြာပွတ်ရိုက်သံ နဲ့ ကျယ်လောင်စွာအော်ဟစ်သံ တွေကြားက ထွက်လာခဲ့သည်။ အပြစ်လုပ်တုန်းက ပျော်ရွှင်နေကြပြီးတော့များ ဘာလို့ အခုမှ မျက်နှာငယ်နဲ့ သနားဟန် တွေ လုပ်ပြနေကြသလဲ ?
ကိုယ်ရွေးချယ်ပြီး ကိုယ်လုပ်ခဲ့တဲ့ အရာရဲ့
side effect ကို တော့ ကြိုးတွေးထားသင့်တယ် မဟုတ်ဘူးလား.....အဲ့လောက် မတွေးထားပဲ
ငွေမဲ မပြောနဲ့ ငွေဖြူ တောင် ရှာရမလွယ်ဘူး...အဲ့လို လူတွေရဲ့ နာကျင်မှု့ဆိုတာကို ဆေးလိပ်လေးရှိုက်ရင်း မျက်ခုံးပင့်ပြီး
ကြည့်ရတာကို ကျွန်တော် နှစ်သက်သည်။"Morning Mr.Oh "
ဖြတ်သွားဖြတ်လာလူတွေရဲ့ ခေါင်းငုံ့နှုတ်ဆက်မှု့တွေကြားထဲက
ခေါင်းမော့ ထွက်လာနိုင်သည်။ အင်း...ဒီနေရာမှာ ကျွန်တော်က ဘုရင်မို့လို့....။ခြေလှမ်းတွေ ကျော်ဖြတ်ခဲ့ပြီးမှ အနောက်မှာ ကျန်ရှိနေခဲ့တဲ့ လူနှစ်ယောက်ကို သတိတရ လှည့်ကြည့်ဖြစ်သည်။
မြို့ပြင်က တရားမဝင် Bar တွေနဲ့ Casino တွေ တည်ရှိတဲ့ နေရာ...။ Luhan...အဲ့ကလေး မြင်ခဲ့တဲ့ ပေါက်ကရတွေ တည်ရှိတဲ့ နေရာ..။ ဒီနေရာက ကျွန်တော့ အပိုင်ပဲ!!
စောစောစီးစီးကို ဆူညံသံတွေကြားနေရပြီလား....
"မင်းတို့...."
နောက်လှည့်ကာ ရပ်ကြည့်နေတာမြင်တော့ ထိုမိန်းမနဲ့ ယောကျာ်းဟာ ပူးကပ်နေရာကနေ ခွာသွားပြီး အလိုလို ဒူးထောက်လိုက်ကြသည်။
"M..Mr.Oh "
"အို...ငါဘယ်သူလဲတော့ သိသေးတယ်ပေါ့...
မင်းတို့ သိထားဖို့က ဒီနေရာက အင်မတန် ခက်ခက်ခဲခဲ ရှင်သန်ထားရတဲ့ နေရာကွ....
ဝင်လာတဲ့ လူတွေကို စိတ်ပျက်အောင် မလုပ်မိစေနဲ့... အိပ်ယာပေါ်က ကိစ္စကို အိပ်ယာပေါ်မှာ ရှင်းသင့်တယ် သွားစမ်း အခု!"တောင်းပန်ပါတယ် ဆိုသော စကားကို ကျွန်တော့ အရိပ် ပျောက်မသွားခင်ထိ ထပ်ခါထပ်ခါ အော်ဟစ်ကျန်နေခဲ့ကြသည်။
တကယ်ဆို ဒီလို ဖြစ်ရပ်တွေက မျက်စိထဲမှာ ထူးဆန်းနေတာလဲ မဟုတ်ဘူး.... ကျွန်တော် ဝင်မပါဆုံးအရာက အဲ့ဒီ့ Sex ကိစ္စကိုပဲ...။
အခုမှ ဘယ်လို သူများ sex ကိစ္စကြား ဝင်ပါမိသလဲ တကယ် မသိဘူး...။
