Dear Husband ......

2.4K 336 19
                                    

{Lana Del Rey - The Next Best American Record}

"သား.."

လှေကားထက်က Chanyeol တွဲကူပေးရင်း ဆင်းလာတဲ့ မေမေက ကျွန်တော့ကို မြင်တာနဲ့
အပြေးရောက်လာပြီး ဖက်တွယ်သည်။

တုန်နေတဲ့ လက်တွေကို ပြန်ဖက်ဖို့အလုပ် မပေးမိပေမယ့် ခါးကို လာထိ ချော့မြူနေတဲ့ လက်ဖဝါးပြင်ကျယ်ကျယ်ကြောင့် ဝမ်းနည်းစိတ်တွေ လှိုက်တက်လာပြီး လက်တွေကို မေမေ့ကျောပြင်ထက် ခပ်တင်းတင်းဖက်တွယ်လိုက်မိသည်။

"ဟင့်..."

ငိုသံသေးသေးလေးဖြင့် အနားထပ်ရောက်လာသူ က ညီငယ်ကလေး ဖြစ်နေတဲ့ အခါ လက်တွေကို ဖြန့်ပေးရင်း ညီလေးကို အလယ်မှာထားကာ မိသားစု ၃ယောက်သား ဖက်တွယ်ထားမိသည်။

ကျောပြင်ထက် ရင်ခွင်တခု မှီကျလာတဲ့အခါ Sehun နဲ့ Chanyeol ပါ ပါဝင်လာသည် ထင်သည်။

အင်း....ဒါ ကျွန်တော်တို့ မိသားစုဖြစ်နေပြီလေ..။

"ဘရားသား...အဲ့လူကလေ မေမေနဲ့ ဘာလိုလို ညာလိုလို သိလား!"

ထမင်းစားပွဲမှာထိုင်ရင်း မေမေနဲ့ စကားလက်စုံ ကျနေသော လူကြီးတယောက်ကို ကြည့်ကာ နားနားကပ်ပြောလာသည်မို့ မေမေ့ကို လှမ်းကြည့်လိုက်မိသည်။

ထို့နောက် Hyunee နား နားပြန်ကပ်ကာ....

"မေမေ့အပြုံးတွေကို မြင်ရလား Hyunee... အဲ့တာ ငါတို့လက်ခံပေးသင့်ဖို့ ပြည့်စုံတဲ့ အကြောင်းပြချက်ပဲ...."

Hyunee ကနှုတ်ခမ်းလေး မဲ့သွားပြီး ပုခုံးထက် ခေါင်းမှီချလာသည်။ဝမ်းနည်းနေတဲ့ ညီလေးကို ပေါင်လေးကိုပုတ်ကာ ချော့ရင်း မေမေ့ထံ တခေါက်ထပ်၍ ကြည့်လိုက်မိသည်။

မေမေ က...ကျွန်တော်တို့ မေမေပုံစံနဲ့ လုံးဝ တူမနေပေမယ့်...တူညီတဲ့ မေမေ့အပြုံးတွေက
London မြို့မှာ ပိုအသက်ဝင်နေခဲ့သည်။

"သားလေး..."

မေမေ့အိပ်ယာကို ပြန်ပြင်ပေးရင်း အိပ်ယာပေါ်က မေမေ့ကို စောင်ခြုံပေးနေတုန်း မေမေက လက်တွေကို ဆွဲကိုင်ကာ ဘေးမှာထိုင်စေသည်။

"မေမေ သားကို ချစ်တယ်နော်"

ကျွန်တော် ခေါင်းငြိမ့်ပြုံးပြလိုက်မိသည်။ မေမေသည် ကျေနပ်သွားသည့် ပီတိအပြုံးတွေဖြင့် သက်ပြင်းချသည်။ မေမေ ဆေးသောက်ဖို့ ရေထည့်နေတဲ့ Hyunee ကပါ လှည့်ကြည့်ရင်း ပြုံးလာသည်။

Dear Husband ......Donde viven las historias. Descúbrelo ahora