အခန်းထဲ သို့ နေရောင်ဝင်တာနဲ့ မနက်စာပြင်ဖို့ အောက်ထပ်ဆင်းလာခဲ့တော့ အိမ်ပေါက်ဝက ဝင်လာတဲ့ ညီဖြစ်သူနဲ့ Park Chanyeol ကို တွေ့လိုက်ရသည်။
လက်ထဲမှာ ကိုင်ထားမိတဲ့ ပန်းအိုးကို Baekhyun က လှမ်းကြည့်ရင်း အနားရောက်လာသည်။
"ပေးလေ ဘရားသား...ငါလဲပေးမယ်"
"မင်းတို့ အခုမှ အိမ်ပြန်လာတာလား?"
အနည်းငယ်မာသွားပုံရသော ကျွန်တော့အသံကို
Hyunee က ခေါင်းကို ငုံ့လျက်ပဲ နောက်ကို နှစ်လှမ်းလောက်ဆုတ်သွားသည်။
အနောက်ဘက်မှာရပ်နေတဲ့ Chanyeol က Hyunee ရှိရာကို တိုးလာရင်း ညီဖြစ်သူကိုပါ သူ့နောက်ကို ဆွဲကပ်လိုက်သည်။တဆိတ်...ဒါဘယ်လိုအခြေအနေလဲ !
"Hyunee မင်း..!!"
"Luhan...ကိုယ် အားလုံးရှင်းပြပါမယ် "
"Hyunee မင်းအမေ့ကို မပြောခဲ့ဘူးမလား...
ဟမ် ငါ့ကိုပြောစမ်း အခုအရှေ့ကို ထွက်ခဲ့!!""Luhan...ကိုယ်ရှင်းပြ...."
Hyunee ကို လိုက်ဆွဲနေသော ကျွန်တော့ကို လက်တွေနဲ့ ဖမ်းချုပ်ထားသော Chanyeol လက်တွေကြောင့် ဒေါသတွေက ပိုထွက်လာသည်။
အဲ့ဒီ့ Park Chanyeol ကို အားကိုးနေလို့
မနေ့ထဲက အကို ဖြစ်သူကိုတောင် ဂရုမစိုက်
နိုင်တဲ့ ညီ... တွေးရင်း တကယ်ပင် ဝမ်းနည်းလာသည်။"မင်း က အခုတော့ အဲ့လိုပေါ့.... မင်းစောက်သဲကွဲမလိုဖြစ်နေတုန်းက ဘယ်သူက အနားမှာ ရှိနေပေးခဲ့တာလဲ အခုတော့ အဲ့နောက်ကကို ထွက်မလာတော့ဘူးလား!! ရတယ် နေချင်သလို နေတော့ !"
ပါးပြင်ပေါ်က မျက်ရည်တွေ ပွတ်သုတ်ပြီး လက်ထဲက ပန်းအိုးကိုလဲ အနီးအနားက စားပွဲပေါ် ဆောင့်ချကာ အပေါ်ထပ်ကို ပြန်တက်ခဲ့သည်။ လှေကားထိပ်မှာ ရပ်ကြည့်နေတဲ့ Sehun ကိုလဲ
မျက်ရည်တွေကြောင့် မော့မကြည့်ဖြစ်ပဲ အခန်းထဲသာ ဝင်ခဲ့လိုက်သည်။အိပ်ယာပေါ် မှောက်ယှက်အိပ်ပစ်လိုက်ပြီး
ခေါင်းအုံးအိအိထက်မှာပဲ အော်ငိုပစ်လိုက်သည်။
တံခါးဖွင့်သံ နဲ့ အတူ လူဝင်လာတော့ အသံမထွက်ပဲ ငြိမ်နေလိုက်ရသည်မို့ ငိုရတာတောင် feel ပျက်သွားသည်။