ကိုယ် မင်းကို သဘောကျနေပြီ ထင်တယ်တဲ့...
မတိကျ မရေရာတဲ့ ခန့်မှန်းစကားပါပဲ ။မျက်နှာနဲ့ ဘယ်လောက်မှမကွာသော အကွာအဝေးကနေ သေနတ်ထဲထိ ထိုးစိုက်ဝင်လာတဲ့ ဓားတလက်ကို နားထင်မှာ ထောက်ထားမိတဲ့ သေနတ်ထက် ပိုကြောက်မိသည်။
ယောင်ရမ်းစွာ ညှစ်လိုက်မိတဲ့ သေနတ်ထဲက ကျည်ဆံ တတောင့်ဟာ ကိုယ့်ခေါင်းထဲ ထိုးစိုက်ဝင်မသွားတာပဲ ကျေးဇူးတင်ရမည်။
ကြောက်လန့်စိတ် တုန်လှုပ်စိတ်နဲ့ ရှေ့တိုးရ နောက်ဆုတ်ရခက်တဲ့ အချိန်ပေါ့...။
ဘယ်လို လူမျိုးနဲ့တွေ့ခဲ့မိပါသလဲ လို့ နောင်တရမိတဲ့ အချိန်တွေက စာကြည့်စားပွဲထဲက သူ့နာမည်နဲ့ ကျည်ဆံ တချို့ရယ် သေနတ်အလွတ် တလက်ရယ်ကို တွေ့လိုက်မိတဲ့ အချိန်ပဲ....။
ဘယ်အချိန် ပစ်သတ်ခံရမလဲ ကို စောင့်နေမယ့်အစား သူ့ကို အရင်ပစ်သတ်လိုက်ရင်ရော...?
မုဆိုးဖို ဖြစ်သွားတာကလွဲလို့ ကြီးမားသော ဆုံးရှုံးမှု့ မရှိနိုင်ဘူး မလား....
နောင်တမရှိစွာ ပစ်ချင်ခဲ့တယ်...
သေသွားရင်တော့ စိတ်ရင်းအမှန်နဲ့ တကယ်ငိုကြွေးပါ့မယ်လေ...တခါလောက် အပစ်ခံကြည့်ရအောင်လို့ သူပြောခဲ့တဲ့ အချိန်မှာ ကျွန်တော် ဟာ ၁၅ နှစ် ကျော်ကျော်လေ့လာခဲ့တဲ့ ပညာတွေနဲ့
လားလားမျှမဆိုင် ကိုယ့်ကိုကိုယ် ဦးနှောက်မရှိတဲ့ သူလို့ တွေးခဲ့သည်။ကြောက်ပါစေ လန့်ပါစေ ဆိုတဲ့ စိတ်နဲ့ ခပ်လွဲလွဲ ချိန်ထားတဲ့ သေနတ်ကို သူ့ နှဖူးတည့်တည့် ထောက်ပေးလာတဲ့ အချိန် ....
ဘာဆက်လုပ်ရမလဲ ဆိုတဲ့ အတွေးတွေ နဲ့
လုပ်မိလုပ်ရာ လုပ်လိုက်သော မောင်းတင်မိတဲ့ ဒီလက်ချောင်းတွေ....ဒီအိမ်မှာ သေနတ် ဘယ်နှစ်လက်ရှိမှန်း ကျွန်တော် မသိ...။ သေနတ် ဆောင်ထားရတဲ့ ဒီလူဟာ ဘယ်နှစ်ခါ သေနတ် နဲ့ အချိန်ခံရဖူးမှန်း ကျွန်တော် မသိ...။ တခါမှ အပြစ်မခံရဖူးတာတော့ သူပြောတဲ့ စကားထဲမှာ ပါသွားခဲ့သည်။
အဲ့လို လူကို သေနတ်ချိန်ပြီး ခြောက်လန့်နေတော့
ကြောက်မှာ တဲ့လား.... အို... Luhan ရယ် ဦးနှောက်မရှိလိုက်တာ....
