(The Next Best American Record- Lana Del Rey)
"သား ဆီရောက်လာတဲ့ စာအုပ်ကို မေမေပို့လိုက်တာလို့ ပြောလိုက်တာလား အခု??"
ဧည့်ခန်းထဲမှာ အကုန်စုပြုံထိုင်နေရင်း
Hyunee က တအံ့တဩ မေးလိုက်သည်။
အကုန်လုံးရဲ့ အကြည့်တွေက မေမေဆီ စုပြုံရောက်သွားကြသည်။"ဟုတ်တယ်...အချိန်တန်ပြီထင်လို့ London လိပ်စာနဲ့ မေမေပို့ပေးလိုက်တာ...သား ကို London အရောက်ခေါ်ဖို့ Loey ကို ခိုင်းလိုက် တာလဲ မေမေပဲ.... Baekhyun..သားက B ပါဆိုပြီး အတိအကျရုပ်လုံးပေါ်လာတည်းက မေမေ Loey ကိုရှာခဲ့ရတာ...လွယ်လွယ် ရှာတွေ့ခဲ့တာတော့ သား Sehun ကျေးဇူးကြောင့်..."
ဘေးမှာ ထိုင်နေတဲ့ Sehun ကို ကြည့်ရင်း
မေမေ က ပြောတော့ Sehun က ပြုံးရင်း မေမေ့လက်တွေကို ဆုတ်ကိုင်လိုက်သည်။"Luhan ရော မေမေ့ကို စိတ်ဆိုးနေတုန်းလား?"
တယောက်တည်း ကွက်ငြိမ်နေတဲ့ ကျွန်တော့ကို မေမေက စကားစသည်။ Sehunအကြည့်စူးစူး တွေ ကျွန်တော့ထံရောက်လာတာ ကြောင့်
ခေါင်းငုံ့ကာ စိတ်ပျက်လက်ပျက် ရယ်လိုက်မိသည်။"စိတ်မဆိုးပါဘူး...စိတ်ကို မရှိတော့တာ..."
ပြောပြီး တာနဲ့ ကျွန်တော် ထထွက်ခဲ့လိုက်သည်။
ဘယ်သူ့ကိုမှ မလိုအပ်တော့ပါပဲ...အကုန်လုံးကို လျစ်လျူရှု့ခဲ့တယ်...။တကယ်တမ်း ကျွန်တော်ကသာ လူပို တယောက်ဖြစ်နေတာမလား....
သားအရင်းထက် ဂရုစိုက်မယ့် မွေးစားသားတွေလဲ အမေ့မှာ ရှိသလို....အင်း....
"Luhan "
ခြံထဲရောက်မှ လက်ကဆောင့်ဆွဲခံလိုက်ရတာ
ကြောင့် ခေါင်းငုံ့ပြီး စိုစွတ်နေသော ပါးပြင်ကို အမြန် ပွတ်သုတ်လိုက်သည်။မျက်စိရှေ့က သူ့ကို မော့ကြည့်လိုက်ပြီး
သူပြောမယ့်စကားကို စောင့်နေသော်လည်း
သက်ပြင်းသာ ချပြီး သူ့လက်နှစ်ဖက်ဖြင့် ကျွန်တော့ လက်ကောက်ဝတ် နှစ်ဖက်လုံးကို ခပ်ွဖွဖွသာ လှမ်းကိုင်လာသည်။"ကိုယ့်ကိုကြည့် Luhan..."
သူ့လက်တွေကို ငုံ့ကြည့်နေမိသော ကျွန်တော့ကို
ငြင်သာစွာ အမိန့်ပေးလာသည်။ သူ့မျက်နှာမှာ
ကျွန်တော့ကို သနားစိတ်တွေ ထင်ဟပ်နေသည်။
