Dear Husband ......

3.8K 546 39
                                    

နားထဲ ဆူညံစွာဝင်ရောက်လာတဲ့ အသံကြောင့်
ကျွန်တော် အိပ်နေရာက ထထိုင်လိုက်မိသည်။
အခန်းတစ်ခန်းလုံးကို ဟိုဘက် သည်ဘက်လှည့် ကြည့်လိုက်ပေမယ့် အသံလာရာက ဘေးစားပွဲခုံ
ပေါ်က နာရီ တလုံး ဖြစ်နေသောအခါ....

ဟူး....

"လန့်တာကွာ!! "

သက်ပြင်းချရင်း ဘေးကလွတ်နေသော အနေအထားကြောင့် ရေချိုးခန်းရှိရာသို့ လှမ်းကြည့်လိုက်တော့ တံခါးပွင့်နေသည်။

"ဘာလဲ...သူက အစောကြီး နိုးနေတာလား.."

စောင်ကိုသေချာခေါက်ကာရေအမြန်ချိုးလိုက်ရ
သည်။ အိမ်ဦးနတ် ထက် နောက်ကျမှ နိုးမနေ သင့်ကြောင်းတော့ အတွေ့အကြုံမရှိပေမယ့်လဲ ကျွန်တော် သိထားပြန်ပါသည်။

ဧည့်ခန်းမှာ အမေနဲ့ စကားပြောရင်း တခါတခါ အစွယ်လေးပေါ်အောင် ပြုံးလိုက်တဲ့ သူ့ပုံစံ က အပြစ်ပြောစရာမရှိအောင် ချောလွန်းသည်။

ပါးလျတဲ့ နှုတ်ခမ်းတည်ဆောက်ပုံ နဲ့ v shape ပုံစံ မေးရိုးတွေကိုတော့ ကျွန်တော် တကယ် သဘောကျပါသည်။

လှေကားပေါ်က ကျွန်တော် ဆင်းလာတာနဲ့ သူ့မျက်လုံးတွေ ဦးတည်ရာက ကျွန်တော့ ထံကို တွယ်ကပ်လာသည်။

ကျွန်တော့ နာမည် ကို ရေရွတ်လိုက်တဲ့ သူ့ နှုတ်ခမ်း တွေက အချိုးကျစွာ ရွေ့လျားသွားတဲ့ အခါ မနေ့ညက အဖြစ်အပျက်ကို မြင်ယောင်ရင်း ကျွန်တော့မျက်နှာတွေ ပူထူလာသည်။

တလှမ်းချင်း တိုးကပ်သွားရင်း သူ့ဘေးနေရာ မှာ ဝင်ထိုင်လိုက်တာနဲ့ မျက်နှာချင်းဆိုင်က အမေ့ရဲ့ တမျိုးသောအပြုံးတွေကို မြင်လိုက်ရသည်။

"အမေ ကိုယ့်ကိုကိုယ်ထိန်းပါဦး ကျေးဇူးပြုပြီး!'

ပြုံးရင်း အံကြိတ်ကာ ပြောလိုက်တော့မှ အမေ့ အပြုံးတွေက ပိုပင်ဆိုးလာသည်။ လက်မြှောက်အရှုံးပေးရလောက်အောင် ကျွန်တော်ပြောစရာစကား မဲ့သွားရသည်။

"Luhan မင်း...Sehun နဲ့  London ကို လိုက်သွားရမယ်..."

ဟား...အမေ့ အပြုံးတွေရဲ့ နောက်ဆက်တွဲက ဒါလား...

Dear Husband ......Donde viven las historias. Descúbrelo ahora