ရာသီဥတု က သိပ်ကို အုံ့မှိုင်းသည်။ စွမ်းအားရှိတဲ့
တစ်စုံတစ်ယောက်က ဖန်တီးနေသလို လျပ်စီးတွေ လက်နေပြီး မီးခိုးရောင် တိမ်တွေ ကောင်းကင်အနှံ့ ပြေးလွှားနေသည်။ကြမ်းကြမ်းတမ်းတမ်း ရွာချလာတဲ့ မိုးစက်တွေကို
ပြတင်းပေါက်က ငေးကြည့်ရင်း လက်ထဲက စာအုပ်ကို ပိတ်ချလိုက်သည်။ခုနှစ်ရက်...တစ်ပတ်ကြာခဲ့ပြီ...။
နောက်နှစ်ရက်နေရင် ပြောပြရမယ့် သူနဲ့ လဲ အဆင်အသွယ်မရှိတာ ၁ပတ် ကြာခဲ့ပြီ...။
စာအုပ်ဖတ်ဖို့ သိပ်ပျင်းခဲ့တဲ့ ကျွန်တော်ဟာ မိုးလင်းက မိုးချုပ် ဒီစာအုပ်ထဲ မျောသွား တတ်သည်။ ၂ရက်လောက် အစာငတ်ရမယ့် ကျွန်တော့ကို နေ့လည်စာ ညစာ ကအစ အမေ အခန်းထဲ လာပို့ပေးလို့သာ တော်တော့သည်။
ညသန်းခေါင်ဆို အကြောင်းအရင်းမရှိ... တခုခုကို လွမ်းပြီး နာနာကျင်ကျင် အော်ငိုမိသည်။
အင်း.....တခါတလေ ဒီလို ရာသီဥတုတွေက ကျွန်တော့ကို သတ်တယ်....။ကျွန်တော်ဟာ ဒီစာအုပ်ထဲက အကြောင်းအရာ တွေ ကို သိပ်ကို ရင်းနှီးနေပါသည်။
အဲ့ဒီ့ အမျိုးသား ဟာ..ကျွန်တော့ကို ဘယ်လိုဖြစ်စေချင်ပါသလဲ?
စာအုပ်ကို ကုတင်ပေါ် အသာတင်ခဲ့ပြီး အခန်းထဲကပြေးကာ ခြံထဲ ဆင်းလိုက်မိသည်။
လက်နှစ်ဖက်ကို ဆန့်တန်းပြီး ကိုယ်ပေါ်ပြိုကျ လာမယ့် မိုးစက်တွေကို စီးကြိုမိသည်။စာအုပ်ပြီးသွားတဲ့ အချိန်မှာ ကျွန်တော်ဟာလဲ
Bဆိုသော အရူးသာသာ လူတယောက်ဖြစ်နေ မလား ဆိုတဲ့ အတွေးတွေ ရှိလာတယ်....လက်ညိုးနဲ့ လက်ခလယ်ကြားထဲ ရှိနေခဲ့ဖူးတယ်
ထင်ရတဲ့ ဆေးလိပ်တွေကို လွမ်းလာတယ်....ခါးသက်သက် ဘရန်ဒီ တခွက်ကို ဇိမ်ခံသောက်ချင်မိတယ်....
မေမေ အိမ်မှာ လဲ တတ်တဲ့ နှင်းဆီပန်းတွေကို အကြောင်းမရှိ ထိုင်ကြည့်ဖြစ်တယ်....
သူဝတ်တဲ့ ဇာဂါဝန်တွေကို ကျွန်တော် မသိပေမယ့်...သူဟာသိပ်လှနေမှာပဲလို့ တွေးမိတယ်...
အဆုံး....ကျွန်တော်လဲ ခိုဝင်ခဲ့ဖူးတယ်ထင်ရတဲ့ ရင်ခွင်တခုကို ရူးမတတ်လွမ်းမိတယ်....