Dear Husband ......

9.6K 675 79
                                    

"နှင်းတွေ ကျနေတယ် ဟေ့ !!"

ခန်းမ ထဲဝင်လာတဲ့ လူတယောက်ရဲ့ အော်သံကြားတော့ ခန်းမထဲက လူတွေက ပြတင်းပေါက်တွေ ရှိရာဆီသို့ ထွက်ကာ လှမ်းကြည့်ကြသည်။

လူတိုင်း အပြုံးကိုယ်စီနဲ့ ပျော်ရွှင်နေကြပုံပါပဲ
အမေ အပါအဝင်ပေါ့....

ကျွန်တော်ကရော?

ခြေထောက်တွေကလဲ လေးလံနေလိုက်တာ ။
ပြတင်းပေါက်ရှိရာဆီ မလျှောက်ချင်ပေမယ့်
ဟ နေသော လိုက်ကာ ကျေးဇူးကြောင့် ထစရာမလိုအောင် တဖွားဖွားကျနေသော
Korea ရဲ့ ပထမဆုံးနှင်းကို ကျွန်တော် မြင်ခွင့်ရခဲ့သလို....

မတ်တပ်ရပ်ကာ မျက်လုံးတွေကို မှိတ်ရင်း ဆုတခုတောင်းမိသည်။

ခင်များ နဲ့ ကျွန်တော် အပြန်အလှန်ချစ်နိုင်ပါစေ
ပေါ့.... အင်း......

အေးတိအေးစက် မိဘစကားနားထောင်ရုံကလွဲ
ပြီး မသိတဲ့ ကျွန်တော်က အမေပေးသော နောက်ဆုံးလက်ဆောင်ကို အရင်လို တခုတ်တရ သိမ်းပိုက်ထားဖို့သာ တတ်နိုင်ပါသည်။

ဘဝတလျှောက်လုံး ဒီလက်ဆောင်ကို ထိမ်းသိမ်းထားဖို့ရာ သူရောကျွန်တော်ပါ
မြတ်နိုးနေမှ အဆင်ပြေမည်။

"စေ့စပ်ရုံပါပဲ...စေ့စပ်ရုံပါပဲ Luhan !!
စိတ်ကိုဖြည်းဖြည်းချင်း..လျော့...အင်....."

ကိုယ့်ကိုကိုယ် အားပေးနေတုန်း အခန်းတံခါးဖွင့်ကာ ဝင်လာသော ထိုလူ...

အနောက်တိုင်းသား ပီသစွာ လူကြီးလူကောင်းဆန်သော ထိုလူ...

ဘာကြောင့် လက်ထက်ရမလဲ မသိပေမယ့်
အနာဂတ်မှာ ကျွန်တော့ အမျိုးသားအဖြစ်
ပါဝင်တော့မယ့် ထိုလူ.....SeHun Oh

"အို...ကိုယ် အချိန်မှားပြီး ဝင်လာမိတာလား.."

ရင်ဘက်ပေါ် လက်နှစ်ဖက်ဖိကာ ရပ်နေသည့် ကျွန်တော်ကို သူက အားနာသလို ကြည့်ရင်း
ကျွန်တော့ ၏ မိခင်ဘာသာစကားမဟုတ်သော အနောက်တိုင်းစကားဖြင့် ပြောလာသည်။

"ခင်များ....

ဝင်ခဲ့လေ..."

ရင်ဘက်ပေါ်တွင်ရှိသော လက်နှစ်ဖက်အောက်က
ကျွန်တော် အသက်ရှိသေးကြောင်း ပြောပြနေသော အရာသည် ထပ်တူ ကျွန်တော့ကို
emergency ဖြစ်လောက်အောင်လဲ စွမ်းဆောင်နေသည်။

Dear Husband ......Donde viven las historias. Descúbrelo ahora