Unicode version
"မောင်"
"ဟင် ပြောလေ မ"
ကုတင်ပေါ်မှီကာ laptop သုံးနေသူအား သူမခေါ်တော့ သူမဆီ အကြည့်ရောက်လာကာ ပြုံးပြရင်းမောင်က စကားပြန်သည်။
"ဒီကိစ္စလုပ်မှကိုဖြစ်မှာလားဟင် မ တော့ သိပ်မကြိုက်ချင်ဘူး ဖြစ်နိုင်ရင်"
"မောင်အဆင်ပြေပါတယ် မ စိတ်မပူလဲရတယ်"
"ဒါမယ့် ဒီတစ်ခေါက်သွားမယ့် အလှည့်ကို မ ဘဲသွားလိုက်ပါတော့မယ်"
"မရဘူး မ မသွားရင်မလုံခြုံဘူး စိတ်ချပါ စာချုပ်ရတာနဲ့ ကျွန်တော်ပြန်လာမှာ ပြီးတော့ သူကကျွန်တော့်အဖေဘဲ ကျွန်တော်ထိခိုက်အောင်တော့လုပ်မှာမဟုတ်ပါဘူး"
"မောင်မမေ့နဲ့နော် မ စောင့်နေမှာ မောင့်အဖေက မကို ကြည့်မရမှန်းသိနေတော့လေ မ ဒီလမ်းကို တခုခုကြောင့် စိတ်ထစ်နေတယ်မောင်"
" သူကပြေလည်ရာပြေလည်ကြောင်းလုပ်လာပြီဘဲ ကိုယ်က မပြေနိုင်စရာအကြောင်းမရှိဘူးလေ မရဲ့ စိတ်ချပါ ကျွန်တော့်ကိုယုံ လာပါအုံးဒီကို"
ပေါင်ပေါ်က laptop ကိုဖယ်ရင်း ပေါင်ကိုပုတ်ပြကာ မောင်ကခေါ်တော့ သူမသွားလိုက်သည်။ဖြစ်နိုင်ရင် ဒီအချိန်လေးမှာဘဲ ရပ်တန့်နေချင်မိတာ။ဒီအေတွး တွေကိုတသီကြီးတွေးနေရတယ့်ခဏမှာ ပျော်ရွှင်မှုတွေက အသက်၀င်မနေပါ။ေမာင့်မျက်နှာကိုတစိမ့်စိမ့်ကြည့်ရင်း ကြိုတင်စိတ်ပူနေမိသည်။မနက်ဖြန်ဆို မဂ်လာဆောင်မည်ဖြစ်တာကတစ်ကြောင်း ထိုစာချုပ်ကို သွားယူမှ ဖြစ်မှာကတစ်ကြောင်းနဲ့ ဘာရယ်ကြောင့်မှန်းမသိတဲ့ခံစားချက်ကြီးက သူ့စိတ်ကို လွှမ်းခြုံ စိုးမိုးနေသည်။မောင်သာ မနက်ဖြန်မဂ်လာပွဲကို ရောက်မလာခဲ့ရင် ဆိုတဲ့ အတွေး ကပိုဆိုးသည်။
..........
(.......)ရက်(.....)လ(......)နှစ်
မွန်းလွဲတစ်နာရီသုံးဆယ်........မဂ်လာခန်းမထဲ လူစုံသလောက်ဖြစ်နေချေပြီ။အယူအရ မဂ်လာအချိန်မရောက်မချင်း သတို့သားက သတို့သမီးကို တွေ့ခွင့်မရနိုင်ပေ။ထို့ကြောင့် မောင်နဲ့ သူ မနက်ကတည်းက မတွေ့ဖြစ်ကြသေးပေ။သတ်မှတ်ထားသော မဂ်လာအချိန်က မွန်းလွဲ နှစ်နာရီဖြစ်သည်။အနောက်နိုင်ငံဘက်မှာနေတုန်းက မောင်နဲ့သူနဲ့က living together နေခဲ့တာကြောင့် တရား၀င်ဖြစ်ရန်အတွက် မြန်မာပြည်ပြန်ရောက်တာနဲ့ မဂ်လာဆောင်ရန် စီစဉ်ခဲ့ကြသည်။
YOU ARE READING
Dear My Girl (Ongoing)
Romantik- Ar Nar Miee Hlyan -Shay Satt At Ka Yar 🌳 August28(2022)- Ongoing အတွင်း စာလုံးပေါင်းသတ်ပုံများမမှန်ကန်ခဲ့ပါက နားလည်ဖြည့်စွက်ပြီးဖက်ပေးစေလိုပါတယ်။ဖြည်းဖြည်းချင်းဆီ စာပြန်စစ်ပြီးပြင်ပေးမှာမို့လို့ပါ။ ဤ ဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သပ်သပ်မျှသာဖြစ်...