Unicode
"မတွေ့ရတာကြာပါပြီ"
"ထိုင်ပါ"
"နောက်ဆုံးတော့ အခုလိုစီစဉ်လိုက်တဲ့အတွက် ကျွန်မ၀မ်းသာပါတယ်"
ဒေါ်ဧကရီအောင်က ရောက်ရောက်ချင်းနှုတ်ဆက်ပေမယ့် အရီအပြုံးမရှိတဲ့ ဒီအိမ်ရဲ့သခင်လေးကတော့စကားတခွန်းကို တုံးတိသာပြောလာသည်။
"စာချုပ်တွေကရော"
"ပါပါတယ်ရှင် ကျွန်မအကုန်ယူလာပါတယ်"
ဧည့်ခန်းထဲ လူစုံသင့်သလောက်စုံနေပြီဖြစ်သည်။ဒီနေ့က သူမ စေ့စပ်မည့်နေ့ဖြစ်သည်။ဒါ့အတူ ဒယ်ဒီ့ရဲ့ အမွေတွေလက်ခံရမည့်နေ့လဲဖြစ်သည်။လွှဲပြောင်းစာချုပ်မှာ လက်မှာထိုးယုံတင်ဖြစ်ပြီးပိုင်ဆိုင်ခွင့်မရသေးပေ။အမွေကိစ္စအတွက် ဒေါ်ဧကရီအောင်က ရှေ့နေအဖြစ်နဲ့ရောက်လာသည်။ဒေါ်ဧကရီအောင်အပြင် တခြားလူကြီးတွေလဲ လာကြသည်။ကိုကိုကြီးခေါ်ထားတဲ့အသိသက်သေတွေဖြစ်လိမ့်မည်။ သူမကတော့ သူမအခန်းရဲ့ ၀ရံတာကနေ လာသမျှလူတွေကိုကြည့်နေဆဲပင်။အောက်မဆင်းရသေးပေ။
"မမလေး အောက်မှာလူစုံနေပါပြီ သခင်လေးက ခေါ်ခိုင်းလိုက်ပါတယ်"
"...."
"မမလေး"
"သိပြီငါလိုက်လာမယ်"
"ဟုတ်ကဲ့ပါ"
သူမရဲ့ဆူပုတ်နေတဲ့မျက်နှာက တစက်မှ မပြေသေးပေ။စေ့စပ်ပွဲကိုတောင် တကယ်သဘောတူတယ်ပေါ့ အဲ့ဒီလူကြီးကလေ။တကယ်ဂရုမစိုက်ဘူးပေါ့။တကယ်ပစ်ထားလိုက်ပြီပေါ့။စိတ်ဆိုးတယ်ဆိုတိုင်း တကယ်ပစ်ထားရောလား။တကယ်မကောင်းတဲ့ဘဲကြီးဘဲ။
"ဟော သမီးဆင်းလာပြီ"
သူမကိုမြင်တော့ ဒေါ်ဧကရီအောင်က ဦးကြိုစကားပြောသည်။
"လာအက္ခရာ ဒီမှာထိုင်"
ကိုကိုကြီးက သူမကိုနေရာညွှန်ပြသည်။သူမက ကိုသူရိန်ရဲ့ဘေးမှာထိုင်ရမှာဖြစ်သည်။ကိုသူရိန်ကတော့ ဒီနေ့သန့်သန့်ပြန့်ပြန့်၀တ်စားထားပြီး သူမကို ပြုံးပြီး သူ့ဘေးမှာလာထိုင်ရန်ကြိုနေသည်။
သူမ ၀င်ထိုင်လိုက်တော့ ပွဲစရန်စီစဉ်သည်။
![](https://img.wattpad.com/cover/322303518-288-k88163.jpg)
YOU ARE READING
Dear My Girl (Ongoing)
Romance- Ar Nar Miee Hlyan -Shay Satt At Ka Yar 🌳 August28(2022)- Ongoing အတွင်း စာလုံးပေါင်းသတ်ပုံများမမှန်ကန်ခဲ့ပါက နားလည်ဖြည့်စွက်ပြီးဖက်ပေးစေလိုပါတယ်။ဖြည်းဖြည်းချင်းဆီ စာပြန်စစ်ပြီးပြင်ပေးမှာမို့လို့ပါ။ ဤ ဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သပ်သပ်မျှသာဖြစ်...