Unicode version
"အား! ပူတယ်!"
"ဟား ပူသွားတာလား
ရော! ပူမှာပေါ့ ကိုယ်မှုတ်ပေးနေတာကိုမှမစောင့်ဘဲ""တစ်ပန်းကန်လုံးအေးအောင်မှုတ်နေမှတော့ ဗိုက်ကြီးပေါက်ထွက်သွားမှာ ဒီမှာဗိုက်ဆာနေပြီဆိုမှ"
"ဟုတ်ပါတယ် ကိုယ်မှားတာပါ ဘေဘီကလဲ
စိတ်မဆိုးရဘူးနော် ဒီမှာထပ်ခွံ့ပေးမယ်နော်"ရှေးဆက်ဗိုက်တော်တော်ဆာနေပြီမို့ ခွံ့ကျွေးတာကိုမစောင့်ဘဲ ဘဲကြီးမှုတ်နေတုန်း ဇွန်းကိုဆွဲလုကာ စားလိုက်ခြင်းသည်။တပန်းကန်လုံးမှုတ်နေတာ အေးစက်ကုန်ရင်ဘယ်လိုစားကောင်းတော့မှာလဲ။
"ရှေးဆက်ဘာသာစားမယ်"
"ကိုယ်ခွံ့မယ်"
"ပေးဆို"
"မရဘူး"
သူပြောတော့ နှုတ်ခမ်းဆူလာသည်။စိတ်ကောက်နေပြီထင်တယ်။သူလိုချင်တာလဲ ဒီပုံစံပါဘဲ။ဒီကလေးမ စိတ်ကောက်ရင် သူတအားပျော်တာဖြစ်သည်။စိတ်ရှည်သည်းခံပြီးချော့ဖူးတဲ့သူဆိုတာ ဒီကလေးမနဲ့မှ။ဘယ်သူ့ကိုမှ စိတ်မရှည်ဖူးပေ။
ထစ်ခနဲနေရင် စိတ်တိုတက်လွန်းလို့ သူ့လက်အောက်ငယ်သားတွေတောင် သူ့စိတ်ကို တအားကြောက်သည်။"အဲ့တာဆို ခဏဘဲ မှုတ်ပေးမယ်နော်"
"အဟွန်း!"
ထမင်းစားခန်းထိပ်မှ ချောင်းဟန့်သံတချက်ထွက်ပေါ်လာခဲ့သည်။သစ်သားခုံမှာမျက်နှာချင်းဆိုင်ထိုင်ပြီး တို့ဟူးနွေးတပွဲကို လုနေတဲ့လူနှစ်ယောက် အခန်း၀ကိုကြည့်တော့ ကျော့က သူတို့ကို လက်ပိုက်ကြည့်နေရင်း တံခါးဘောင်ကိုမှီထားသည်။
"စားစရာလာယူတာ"
ကျော့က သူတို့ကိုမကြည့်ဘဲ နောက်လှည့်ကာပြောနေသည်။ဧကန်န ကလေးမရှက်သွားမှာစိုးလို့နဲ့တူတယ်။
"စင်ပေါ်မှာတင်ထားတယ် ယူသွားလိုက်"
"အင်း"
"ဒါနဲ့ ပန်ပြန်သွားပြီလား"
"ရှိသေးတယ်"
"သူ့အတွက်ပါယူသွားပေးလိုက်လေ အဲ့ပေါ်မှာ နှစ်ပွဲ"
YOU ARE READING
Dear My Girl (Ongoing)
Romance- Ar Nar Miee Hlyan -Shay Satt At Ka Yar 🌳 August28(2022)- Ongoing အတွင်း စာလုံးပေါင်းသတ်ပုံများမမှန်ကန်ခဲ့ပါက နားလည်ဖြည့်စွက်ပြီးဖက်ပေးစေလိုပါတယ်။ဖြည်းဖြည်းချင်းဆီ စာပြန်စစ်ပြီးပြင်ပေးမှာမို့လို့ပါ။ ဤ ဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သပ်သပ်မျှသာဖြစ်...