Episode 22(Unicode - Zawgi)

1.1K 51 0
                                    

Unicode version

အစကဖုန်း၀င်သည်နောက်ပိုင်း busyပါဖြစ်သွားတာကြောင့် သူပိုပြာယာခတ်နေသည်။တနေကုန်ဖုန်းမဆက်ရသေးတာကို သူမေ့နေခဲ့တာ။ဒါမယ့် ဘာကြောင့် ခု‌လောက်သူပြာယာခတ်နေရလဲ သူကိုယ်တိုင်တောင်အဖြေရှာမတက်ပေ။ပုံမှန်ဆိုအေးတိအေးစက်နဲ့ ဘယ်သူ့ကိုမ‌ဆို အဲ့လောက်အရေးပေးဆက်ဆံတက်တဲ့သူမဟုတ်။သို့ပေမယ့် ဒီကလေးမကတော့မတူပေ။ဒီကလေးမစိတ်ကောက်မှာ ဒီကလေးမက သူ့ကိုအဖတ်မလုပ်တော့မှာ ဒီကလေးမက သူ့ကိုတက်တက်ကြွကြွ မဆက်ဆံတော့မှာမျိူးကို သူသိပ်ကြောက်နေသည်။

သို့ပေမယ့်လဲ ဆက်တိုက်ခေါ်နေတဲ့ ဖုန်းက ဖြေဆိုသူမရှိခဲ့ပေ။မရပ်မနားခေါ်ပြီးတဲ့နောက်မှာတော့ သူဆက်ခေါ်ဖို့ မစဉ်းစားတော့ပေ။တကယ်စိတ်ဆိုးသွားတာကို သူသိလိုက်တာမို့လို့ဖြစ်သည်။အခုဖုန်းခေါ်လို့ ကိုင်မှာမဟုတ်တော့ဘူးဆိုတာကိုပါ သူ တပ်အပ်သိသည်။ဖုန်းပိတ်ချကာ ကုတင်ပေါ်ပြန်တက်ခဲ့ပြီး အလုပ်ဆက်လုပ်သည်။လုပ်နေတဲ့အလုပ်ဆီစိတ်မရောက်နိုင်ဘဲ စားပွဲပေါ်က ဖုန်းဆီအာရုံရောက်နေသည်။laptop ကိုပိတ်ပစ်ပြီး
‌ရေချိုးခန်းထဲဒုတိယအကြိမ်ထပ်၀င်သည်။ပြောရရင် သူစိတ်အိုက်သွားတာဖြစ်သည်။စိတ်အိုက်တာက လူကိုပါ ပူစေသည်။ထို့ကြောင့် ရေထပ်ချိုးပြန်သည်။

ထိုညက သူရေသုံးခါချိုးခဲ့ပြီး Aircon ကိုအအေးမြှင့်ထားခဲ့သည်။

"ဘောစ့်!"

အခန်းအပြင်ဘက်မှ ဘဲလ်သံနှင့်အတူအဆက်မပြတ်ခေါ်နေတဲ့ သူ့တပည့်တွေရဲ့ အသံကြောင့် အာဏာနိုးလာသည်။ရုတ်တရက်ထထိုင်တာနဲ့ ဆစ်ခနဲထိုးကိုက်တဲ့ခေါင်းကြောင့် မျက်စိကိုစုံးလုံးတင်းတင်းပြန်မှိတ်လိုက်သည်။airconက အခုထိအေးနေဆဲပင် ရီမုအားသူယူပြီး အအေးပြန်လျှော့လိုက်သည်။တခါမှမမူးဖူးတဲ့ခေါင်းက ထိုးကိုက်နေပြီ မူးနေသလိုမျိုးလည်နေသည်။တံခါးဆီသွားပြီးဖွင့်လိုက်တော့ ရပ်နေတဲ့သူက ဗဒ္ဒ။

"ဘာလဲ"

"ဘောစ့်နေမြင့်နေပြီမို့လို့ပါ တခုခုဖြစ်နေတယ်ထင်လို့ဗျကျွန်တော်တို့စုံစမ်းမယ့်နေရာကို သွားဖို့ အဆင်သင့်ဖြစ်ပါပြီဗျ"

Dear My Girl (Ongoing)Where stories live. Discover now