Episode 21(Unicode - Zawgi)

1.1K 46 1
                                    

Unicode version

"သခင်လေး ဒီမှာပါ"

ထမင်းစားဝိုင်းရဲ့ ထိပ်မှာထိုင်နေတဲ့ သူ့ထံ တပည့်တစ်ယောက်က စာရွက် ဖြူနှစ်ရွက် လာပေးသည်။

"ဒါက"

"ဒေါ်ဧကရီအောင်ပို့ခိုင်းလိုက်တဲ့ဟာတွေပါ"

သူ့တပည့်က နားနားကပ်ခါ တိုးတိုး‌ပြောသည်။ဆူပုပ်ပုပ်နဲ့ထမင်းစားနေတဲ့ ညီမဖြစ်သူကတော့ ဒီဘက်ကို အာရုံမလာပေ။သူစာရွက်စာတမ်းတွေကိုတချက်ကြည့်လိုက်တော့

"အမွှေ‌လွှဲပြောင်းခြင်းနှင့် ကတိက၀တ်ဆိုင်ရာ စည်းကမ်းများ"ဆိုသည့် စာအားသူတွေ့လိုက်သည်။

...ဒါဆို ဒါက ညီမလေးရဲ့ အမွှေစာချုပ်ဘဲပိုင်ဆိုင်မှုတွေ့အားလုံးက ညီမလေးနာမည်နဲ့ဖြစ်သည်။စာချုပ်မှာလက်မှတ်ထိုးပြီး အမွှေလွဲယုံပင်ဖြစ်သည်...

သို့ပေမယ့် ဒါက ပထမတရွက် ဒုတိယတရွက်က
ထိုနှင့်မတူဘဲ ကွဲပြားသည်။

"စာချုပ်ပါအမွေများအား အမွေမရယူမှီ ခြောက်လကြိုကာ လက်ထပ်ထိန်းမြှားပြီးသားဖြစ်ရမည် ထိုသူသည် ဟန်ဆောင်လက်ထပ်ခွင့်မရှိပေ။သူမြတ်နိုးသူနှင့်သာပေါင်းဖက်ရမည်ဖြစ်သည်။ထိုမှသာလျှင် အမွေများကို လက်ထဲ အရောက်ထည့်ပေးသွားမည်ဖြစ်သည်"

အဲ့ဒီစာကို အစဖတ်ပြီးတော့ သူသိပ်သဘောမကျချင် သူ့ညီမက ‌အမွေရဖို့အတွက် လက်ထပ်မယ့် သူမျိုးလား။ပြီး‌တော့သခင်ကြီးကရော ဘာလို့ အဲ့လိုစီစဉ်ခဲ့တာလဲ။သူ့သမီးကို တခြားသူလက်ထဲအပါခံမယ်ပေါ့။စာကိုဆက်ပြီး အာရုံစိုက်လိုက်စဉ်

"သေဆုံးသူ၏ သေတမ်းစာအရ သေဆုံးပြီးခြောက်လအကြာမှာ ငြိမ်းချမ်းစွာအနားယူနိုင်အောင် သူ၏ သားသမီးကို စိတ်ချသွားချင်တာဖြစ်သည်။ထို့ကြောင့် သေဆုံးပြီးသည့်နေ့မှစ၍ ထိုနေ့အား တရက်ဖြစ်သတ်မှတ်သည် အောက်ပါ စာရွက်စာတမ်းများသည် ၀န်ကြီးချုပ်ဦးထွန်းမြတ်ရှိန်၏ တရား၀င် တံဆိပ်ပြားရိုက်နှိပ်ထားသော အမွှေလွှဲပြောင်းချင်း စာချုပ်စာတမ်းများဖြစ်သည်"

တီ..တီ....

"သခင်လေး ဖုန်း"

"အမ် ဘယ်သူလဲ"

Dear My Girl (Ongoing)Where stories live. Discover now