Episode 18(Unicode - Zawgi)

1.2K 49 1
                                    

Unicode version

ဝူး....!

အရှိန်ပြင်းပြင်း၀င်ချလာသော အနက်ရောင်ကားတန်းရှည်ကြီး။သူတို့လူ ဈာပနလား ကိုယ့်လူဈာပနလား သူစဉ်းစားမတက်တော့ပေ။‌ ရောက်လာတဲ့ ကားတွေမှာDragon sign တွေပါသည်။ဒါက ထိန်းမနိုင်သိမ်းမရ Mafia groupဖြစ်တဲ့ Black Dragon Gang မှန်းသူတင်မဟုတ်လူတိုင်းကသိလိမ့်မည်။ Dragon ကလူတွေက ဘာလို့အဲ့လောက်လူမှုရေး‌တွေလိုက်စားနေရတာလဲ။

ကားအားလုံးပေါင်းရင် ရှစ်စီး။
တော်တော်ဖော်ရွေတာဘဲ ဒီကိုလူတပုန်ကြီးနဲ့ လာပျော်ပါးရမယ့်နေရာလို့ထင်နေပုံဘဲ။
ကားအသီးသီးမှာ အမဲရောင်suitအပြည့်၀တ်ထားတဲ့လူတွေထွက်လာသည်။တစ်စီးမှာ သုံးယောက်ထွက်လာပြီး ငါးစီးမြောက်ကားရဲ့ရှေ့မှာ
တန်းစီ‌ရပ်နေသည်။ထိုကားပေါ်မှာ လူနှစ်ယောက်ဆင်းလာပြီးအနက်ရောင် ထီးနှစ်ချောင်းကို တဖက်တချက်စီမိုးထားသည်။အနက်ရောင် ဂါ၀န်ရှည်ကို ၀တ်ဆင်လာသူကကားထဲမှထွက်လာသည်။အပြာရောင်ဆံပင်ရှည်နဲ့ ဖြူဖြူဖွေးဖွေး ကောင်မလေးတစ်ယောက်ဖြစ်သည်။ထိုကောင်မလေးရဲ့နောက်ကနေခန့်ညားပြီး အရှိန်အဝါအပြည့်အရှိတဲ့ယောက်ျားတစ်ယောက်‌ပေါ်လာခဲ့သည်။ထိုအမျိုးသားက ထိုမိန်းကလေးရဲ့ ပခုံးထက် အနက်ရောက် long coatရှည်တထည်လွှမ်းခြုံပေးရင်းနဲ့ ပွဲရှိရာဘက်ကိုလျှောက်လာနေကြသည်။

ထိုမိန်းကလေးရဲ့ပုံစံမှာ တည်တည်ငြိမ်ငြိမ်ရှိနေသည်။အကြည့်တွေကအစ လေးနက်နေပြီး
အရာရာကိုဆုံးဖြတ်ချက်ပြတ်သားနေတဲ့ပုံမျိုးဖြစ်သည်။‌သူ့ကိုပခုံးက ကိုင်ဖက်ထားရင်းလျှောက်လာနေတဲ့ အမျိုးသားသည်လဲ သူ့ရင်ခွင်ထဲက မိန်းကလေးကို တော်တော်ဂရုစိုက်ကြောင်းပေါ်လွင်နေသည်။ဒီအမျိုးသားဟာ ဒီမိန်းကလေးအတွက်
အင်မတန်ကိုမှ နွေးထွေးစေလိမ့်မည်ကို ကြည့်ရုံဖြင့်သိနိုင်လောက်သည်။

ဒီမြင်ကွင်းကို ပြုံးပြီးကြည့်နေတဲ့သူက တခြားမဟုတ် ကျော့ကိုယ်တိုင်ပင်ဖြစ်သည်။ဘယ်လိုနေနေ နှံပြည်စုတ်မကတော့ ထွန့်ထွန့်လူးနေတော့မှာမဟုတ်လား။

ကျော့ရဲ့အတွေးက သေချာပေါက်မှန်ပါသည်။တကယ်ပင် နိုရာပန်မျက်စိမျက်နှာပျက်နေသည်။မောင်က အဲ့ဒီမိန်းကလေးကို ကာကွယ်ထားလိုက်ပုံများ လင်းယုံက သူ့ရဲ့အသိုက်ကိုကာကွယ်နေသလိုမျိုး။မောင့်ရဲ့‌ရင်ခွင်အောက် သူနေဖူးတာဆိုရင် လက်ချိုးရေလို့ရလောက်မည်။အခုတော့ တောက်ပနေတဲ့မောင့်ရဲ့အရှိန်အဝါရယ် မလိမ်တမ်းပြောရရင် အရုပ်မ တမျှချစ်စရာကောင်းနေတဲ့ အပြာရောင် ‌ကောင်မလေးရယ်က လိုက်ဖက်ညီနေသည်။သူမကျေနပ်ပါ။

Dear My Girl (Ongoing)Where stories live. Discover now