Unicode version
"နောက်ကထိုင်"
"လမ်းလျှောက်ပြန်မှာ ဘဲကြီးဘာသာပြန်တော့"
"တက်!"
"မတက်ဘူး လမ်းလျှောက်ပြန်မှာကိုယ့်ဘာသာပြန်တော့"
သူ့ကိုမကြည့်ဘဲ ဆူပုတ်ကာပြောနေသည်။ခုနက သူ့ကျွေးတာမစားလို့ စိတ်ကောက်နေတဲ့ပုံဖြစ်နေသည်။ဒီနေရာကို လာတုန်းကတောင် ဝေးတာအခုမှ လမ်းလျှောက်ပြန်မယ်လေးဘာလေးနဲ့ ဒီကလေးရုပ်က လမ်းလျှောက်ပြန်ရင် တော်တော်စိတ်ချစရာကောင်းနေတယ်ဆိုတော့။
"တက် မတက်ရင်ဒီနေရာမှာတစ်ယောက်ထဲကျန်နေမှာနော်"
"ကျန်ခဲ့ပါစေပေါ့ ကိုယ့်ဟာကိုပြန်မှာ"
"မင်းဘဲမုန့်လိုက်၀ယ်ကျွေးချင်လို့ ငါလိုက်ခဲ့တာနော် စတုန်းကစခဲ့ပြီးမှ ခုမှ တာ၀န်မယူချင်သလိုလို လုပ်မနေနဲ့ တက်"
"မတက်ဘူး"
သူပြောလေ ပိုဆိုးလေမို့ ဒူးနဲ့ကျောအောက်က
လက်လျိုကာမချီလိုက်ပြီး ဆိုင်ကယ်ပေါ်တင်လိုက်သည်။ပထမတော့ တောင့်ခံထားမှန်းသိသာနေသည်။သို့သော် ကလေးအားလေးဘဲရှိတာမို့ သူချီလိုက်တာနဲ့ အားတောင်မစိုက်လိုက်ရ တချက်တည်းပါလာသည်။ဆိုင်ကယ်ပေါ်ရောက်တော့လဲ အတင်းကုန်းဆင်းနေသည်။"ငြိမ်ငြိမ်နေ မနေရင် ဆိုင်ကယ်ပေါ်ကပစ်ချထားခဲ့မှာ"
သူပြောတော့ သူ့ကိုတချက်စိုက်ကြည့်ပြီး မျက်နှာလွှဲသွားသည်။ပြောရရင် အဲ့တာကမျက်စောင်းထိုးတာဖြစ်သည်။ Helmet ကိုယူလိုက်ပြီး ဆောင်းပေးတော့ ငြိမ်နေသည်။မျက်နှာတော့လှည့်မလာပေ။မျက်နှာဆွဲလှည့်ပြီးဆောင်းပေးတော့ သူ့ကိုမကြည့်။တကယ်စိတ်ကောက်သွားတာဖြစ်မည်။သူကျွေးတာက ကိုယ်ကြောက်တာကို ဘယ်လိုလုပ်ပြီး စားရဲမှာလဲ။သူဆိုင်ကယ်ပေါ်တက်လိုက်ပြီး စက်နှိုးလိုက်သည်အထိ အဲ့ဒီအတိုင်းအနောက်မှာ တောင့်တောင့်ကြီးဖြစ်နေသည်။
"ကိုင်ထားလေ မင်းပြုတ်ကျသွားမှာမကြောက်ဘူးလား"
"....."
"ဒီမှာ ကိုင်ထားနော် ကိုယ်မောင်းလို့ပြုတ်ကျခဲ့ရင် ပြန်လှည့်မကောက်ဘူး"
YOU ARE READING
Dear My Girl (Ongoing)
Romans- Ar Nar Miee Hlyan -Shay Satt At Ka Yar 🌳 August28(2022)- Ongoing အတွင်း စာလုံးပေါင်းသတ်ပုံများမမှန်ကန်ခဲ့ပါက နားလည်ဖြည့်စွက်ပြီးဖက်ပေးစေလိုပါတယ်။ဖြည်းဖြည်းချင်းဆီ စာပြန်စစ်ပြီးပြင်ပေးမှာမို့လို့ပါ။ ဤ ဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သပ်သပ်မျှသာဖြစ်...