Unicode version
ဝူး.......
ကားလေးက အရှိန်ဖြေးညှင်းစွာ ရပ်တန့်သွားသည်။
ကားပေါ်ကနေ သူမဆင်းလိုက်ပြီးနောက်"အန်ကယ်လေး ဒီနေ့တော့ တာ့တာ အပြန်မှဖုန်းဆက်လိုက်မယ်"
"အဲ့တာဆို ကျွန်တော်မျိုးသွားပြီ "
"ဟုတ်ကဲ့ပါရှင့် ဟီးဟီး"
ကားမှန်ပေါက်ကနေ သွားတန်းဖွေးဖွေးနဲ့ အစွယ်လေးနှစ်ဖက်ပေါ်အောင် ရီပြနေတာမို့ ဦးညီထက်ရှိန်မျက်စောင်းထိုးဟန်ပြုပြီး ကားကိုလှည့်ထွက်လိုက်သည်။ဒီနေ့က သင်တန်းပထမရက်ဖြစ်ပြီး ညနေမှလာကြိုရမည်ဖြစ်သည်။ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒီကလေးမ လေး၏ တာ၀န်က သူ့တာ၀န်ဖြစ်နေသည်။
"ဟိုရှေ့မှာ အဲ့တာ ဦးထွန်းမြတ်ရှိန်ရဲ့ သမီးမလား"
"ဟုတ်ပါတယ်မမ"
"ဒီကို ဘာလာလုပ်တာလဲ"
"အကသင်တန်းတက်နေတယ်လို့ကြားပါတယ်"
"ဟိုကိစ္စအခြေနေဘယ်လိုလဲ"
"ဦးထွန်းမြတ်ရှိန်က ဒီနေ့ထဲက ခရီးထွက်ဖို့ အိမ်ကထွက်သွားပါပြီ ဦးညီထက်ရှိန်က မလိုက်ဖြစ်ပါဘူး"
"မလိုက်ဖြစ်ဘူး?"
"ဟုတ်ကဲ့ မမ အလုပ်ကိစ္စရှိနေလို့လို့ထင်ပါတယ်"
"ကောင်းပြီလေ မင်း ဒီကလေးမလေးကို ဆက်စောင့်ကြည့်ထား ကြားလား"
"ဟုတ်ကဲ့ မမ မမဟိုနေ့ကမေးတာ"
"ဘာလဲ!"
"အဲ့ဒီကောင်မလေးရဲ့နာမည်က
'ရှေးဆက်အက္ခရာ' ပါ""အေး ငါသိပြီ နိုနို ကားပြန်လှည့် စံအိမ်ဆီသွားမယ်"
"ဟုတ်ကဲ့ မမ"
..............
"မမကြီး မမကြီး"
"ရှူး မမကြီး ဧည့်ခန်းထဲမှာ ဘာဖြစ်လို့လဲ အော်ကြီးဟစ်ကျယ်နဲ့"
"အပြင် အပြင်မှာ!"
"အပြင်မှာဘာဖြစ်လဲ"
"မမလတ်! မမ ...လတ်!"
"ဘယ်လို မမလတ်ပြန်ရောက်နေတာလား"

YOU ARE READING
Dear My Girl (Ongoing)
Romance- Ar Nar Miee Hlyan -Shay Satt At Ka Yar 🌳 August28(2022)- Ongoing အတွင်း စာလုံးပေါင်းသတ်ပုံများမမှန်ကန်ခဲ့ပါက နားလည်ဖြည့်စွက်ပြီးဖက်ပေးစေလိုပါတယ်။ဖြည်းဖြည်းချင်းဆီ စာပြန်စစ်ပြီးပြင်ပေးမှာမို့လို့ပါ။ ဤ ဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သပ်သပ်မျှသာဖြစ်...