Episode 13( Unicode - Zawgi)

1.1K 49 4
                                    

Unicode version

ကစားပွဲက ပြီးမသွား တအီအီနဲ့ကြာနေသည်။အခြားကစားပွဲတွေဆို ကျော့က နာရီပိုင်းလောက်နဲ့ အနိုင်ပိုင်းခဲ့တာတွေချည်းဖြစ်သည်။အခုတော့ တပွဲပြီးတပွဲ နိုင်တဲ့သူကိုရွေးလို့မရဘဲ သရေဖြစ်နေသည်။နှစ်နာရီကျော်ကြာမြင့်နေတဲ့ဒီကစားပွဲကို ကျော့သေချာပေါက် ငြီးငွေ့လာသည်။

"ဒီတပွဲပြီးရင် ပွဲဖြတ်ရအောင်"

"ဒီတပွဲရောပါလား"

"ပါတယ်"

‌ကျော့အသေအချာကိုပြောချလိုက်သည်။ဘာနေနေ
(8+1-9ပေါက်နဲ့)(king)တစ်ကောင်ရထားသည်။ဒါက သေချာပေါက်နိုင်မှာလေ။အမိအရတွက်ထားတာမို့ပြောလိုက်ခြင်းဖြစ်သည်။ဒီတခါတော့ နင့်အသက်ကိုယူတော့မှာ။

"ဖဲလှန်လို့ရပါပြီ"

ကစားဝိုင်းရဲ့အဆုံးအဖြတ်ဒိုင်က ပြောလာတာမို့ ကျော့ဖဲကို ရဲရဲ လှန်ချလိုက်သည်။သူနိုင်တာဘဲမဟုတ်လား။တဖက်လူရဲ့ဖဲက ဘာနေနေကျော့နိုင်မှာကအသေအချာ။

"ဒီကလူကြီးမင်း ဖဲလှန်လို့ရပါပြီ"

ကျော့ခြေချိတ်လက်ပိုက်ပြီး ခုံပေါ်ကျောမှီကာ အရှေ့က လူကိုကြည့်နေသည်။မကြာခင် သတ်ရတော့မှာမို့ စိတ်တော့လဲမကောင်းပါဘူး။ထိုလူက ကျော့တွေးနေစဉ် ဖဲလှန်လိုက်သည်။ကျော့သွေးပျက်မတက်လန့်သွားရသည်က ထိုလူ့ရဲ့ဖဲ
ကဒ်တွေကြောင့်ဖြစ်လိမ့်မည်။

(9ပေါက်အပြင် King နှစ်ကဒ်နဲ့ဖြစ်နေသည်။)

ပြိုင်ပွဲစဉ် ခြောက်မှာ ဒီဘက်က လူကြီးမင်းက အပြတ်သတ်ကိုအနိုင်ရရှိသွားပါသည်ရှင်။
ကျော့ထိုလူ့ကို မကျေနပ်စွာလှည့်ကြည့်လိုက်တော့ ကျော့ကိုပခုံးတွန့်ပြလာသည်။

"ကတိအတိုင်း!"

"ရှင်ဘယ်သူလဲ"

ကျော့ကစားနည်းရဲ့လှည့်ကွက်တွေကို သိတဲ့သူက တစ်ယောက်တည်းရှိသည်။အဲ့ဒီတစ်ယောက်ကလဲ ကျော့နဲ့ အပြီးတိုင်ဝေးသွားခဲ့ပြီ။ကျော့နဲ့သူသာ သိသည့် ကျော့ကစားတိုင်သုံးတဲ့ကစားနည်းရဲ့လှည့်ကွက်အဲ့ဒီလှည့်ကွက်ကို ဒီလူက သိနေတယ်။
ဒီလူကဘယ်သူလဲ။

Dear My Girl (Ongoing)Where stories live. Discover now