Episode 16(Unicode - Zawgi)

1.1K 54 7
                                    

Unicode version

ဈာပနအခမ်းအနားအား ခမ်းနားကြီးကျယ်စွာပြင်ထားပြီးပြီဖြစ်သည်။အက္ခရာရိပ်စံအိမ်ကြီးထဲမှာရှိနေတဲ့ အိမ်ပိုင်ရှင် သခင်ကြီးတွေကတော့ ခေါင်းတလားထဲ လှဲလျောင်းလျက်နဲ့ပေါ့။ထိုအခမ်းအနားကို ပထမသခင်လေးဖြစ်တဲ့ ကိုကိုကြီးက ပြင်ဆင်ထားတာဖြစ်ပြီး သူ့လူတွေအပြည့်လွှတ်ထားသည်။မဆိုင်သူမဝင်ရအမိန့်နဲ့ ထိုဈာပနအား
‌မည်သူ့ကိုမှထပ်နှောက်ယှက်ခွင့်ပြုမှာမဟုတ်ပေ။
ဆေးရုံမှာရှိနေတဲ့သတိရမလာသေးတဲ့ ညီမလေးအခြေနေကြောင့် ဈာပနအား ရက်ရွှေ့နိုင်သလောက်ရွှေ့ထားမည်ဖြစ်သည်။ဘယ်သူဘာပြောပြောအာရုံမစိုက်နိုင်။ညီမဖြစ်သူရဲ့ တွယ်တာရာမှာ ဒယ်ဒီနဲ့သခင်ကြီးဘဲရှိတာဖြစ်သည်။သူ့ဒယ်ဒီနဲ့ သူ့အန်ကယ်လေးကိုတော့ နောက်ဆုံးတွေ့ခွင့်ပေးရမှာဖြစ်သည်။

အိမ်ကြီးထဲ မည်သူမျှရှိမနေပေ။ဈာပန အခမ်းအနားလာပြင်တဲ့လူတွေအားလုံးကလဲ သူ့လူတွေကြီးဘဲဖြစ်တာမို့ ဒီနေရာမှာ သူကလွဲပြီးဘယ်သူမှရှိမနေပေ။လုပ်ကြံသူကိုတွေ့တာနဲ့ အရေခွံ ဆုတ်ပစ်မှာဖြစ်သည်။နည်းနည်းလေးမှ ညှာဖို့စိတ်ကူးမရှိတာပင်။

.........

"လူနာရှင်! လူနာရှင် လူနာရှင်ဘယ်ရောက်နေလဲ ဆရာမ"

"ခုနလေးကတင် အပြင်ထွက်သွားတယ်ရှင့်"

"လူနာသတိရလာပြီ ဖြစ်နိုင်ရင် လူနာရှင်ကိုအခုဆက်သွယ်ပေးပါ"

"ဟုတ်ကဲ့ ဆရာမ ကျွန်မဆက်သွယ်လိုက်ပါ့မယ်"

အခန်းအတွင်းမှ သတိလည်လာ‌သောလူနာက ကောင်းကောင်း မထူထောင်နိုင်သေး။အခုမှ သတိရကာစလေးတင်ဖြစ်သည်။သူအမြန်ပြေးလာပြီး နပ်စ်မလေးအား အကူညီတောင်းရသည်။လူနာရှင်က ဒီမိန်းကလေးကို တအားဂရုစိုက်တာမဟုတ်လား။အခုသတိရလာပြီဆိုတော့ သူ့ကို အရင်ဆုံး အသိပေးသင့်သည်ဟုထင်သည်။

"ဟလို!"

"ဘယ်သူလဲ"

ဖုန်းထဲမှ ခက်ထန်စွာပြန်မေးလာတာကြောင့် နပ်စ်မလေးတချက်လန့်သွားသည်။သို့ပေမယ့် ဒီလူဟာအပြင်မှာလဲ အဲ့လိုလေသံဘဲမဟုတ်လား။

Dear My Girl (Ongoing)Where stories live. Discover now