Unicode version
"ရှေး ရှေး ထတော့လေ"
"ဟင် မနက်ရောက်ပြီလား"
"အေး ကိုးနာရီတောင်ထိုးနေပြီနင်ကပြန်မေးသေးတယ်နော် မနက်ရောက်ပြီလားတဲ့ ငါတို့က နင်အိပ်နေလို့ မနှိုးတာငါတို့နှစ်ယောက်လုံး ခြောက်နာရီခွဲထဲက နိုးနေတာ မနက်စာလဲ စားပြီးပြီ"
"ငါတို့ပြန်မလို့နင့်ကိုစောင့်နေကြတာ"
"အာ အားနာလိုက်တာ ဒါနဲ့များ ငါ့ကိုမနှိုးလိုက်ဘဲနဲ့"
"ကဲအဲ့တာတွေထားပါ ငါတို့အရင်ပြန်တော့မယ်သိလား"
"ဟင် နင်တို့အရင်ပြန်ရင် ငါကဘယ်လိုပြန်ရမှာလဲဟင်"
"အောက်ထပ်မှာ နင့်လူတွေ ရောက်နေတယ်"
"ငါ့လူတွေ"
"အင်းနင့်ကိုလာကြိုတာလားမသိဘူး လေးငါးယောက်လောက်ရှိတယ်"
"ငါသွားကြည့်လိုက်အုံးမယ်"
"ငါတို့အရင်ပြန်နှင့်မယ်နော် ဒါဆိုရင်"
"ခဏနေပါအုံး ဘယ်သူမှန်းမသိဘဲနဲ့ ငါ့ကိုထားခဲ့တော့မလို့လား"
"အေးပါခဏတော့လိုက်ခဲ့ပေးမယ်"
သူမတို့အောက်ထပ်ရောက်တော့ အနက်ရောင်ကားတစီးနှင့် ဘော်ဒီဂတ်လေးယောက်လောက်တွေ့လိုက်ရသည်။
"သခင်မလေး ကြွပါ"
"ရှင်တို့က ဘယ်သူတွေလဲ"
"သခင်ကြီးလွှတ်လိုက်တဲ့သူတွေပါ သခင်မလေးကိုအိမ်ပြန်ခေါ်ဖို့အတွက်ပါ"
"ဒယ်ဒီက ရှင်တို့ကို လွှတ်လိုက်တယ် မဖြစ်နိုင်တာ ကျွန်မလူတွေမဟုတ်ဘဲ ဘာလို့ရှင်တို့လဲ"
ဒီလူတွေက မျက်နှာစိမ်းတွေဖြစ်သည်။ရှေးဆက်အရင်က မမြင်ဖူးတဲ့လူတွေ။သူမမှာ သူမကိုလိုက်စောင့်ရှောက်တဲ့ တောက်တဲ့ကောင် ငါးယောက်ခန့်ရှိသည်။အားလုံးကိုသူမသိသည်။ဒီလူတွေကိုတော့သူမမသိပေ။
"သခင်ကြီးက မှာလိုက်ပါတယ်ပြောစရာရှိတာမို့လို့အချိန်မှီပြန်လာပါတဲ့"
"ကျွန်မသူငယ်ချင်းတွေနဲ့ဘဲ သွားမယ်"
"ကျွန်တော်တို့ကို အခက်တွေ့အောင်မလုပ်ပါနဲ့ သခင်မလေး"
![](https://img.wattpad.com/cover/322303518-288-k88163.jpg)
YOU ARE READING
Dear My Girl (Ongoing)
Romance- Ar Nar Miee Hlyan -Shay Satt At Ka Yar 🌳 August28(2022)- Ongoing အတွင်း စာလုံးပေါင်းသတ်ပုံများမမှန်ကန်ခဲ့ပါက နားလည်ဖြည့်စွက်ပြီးဖက်ပေးစေလိုပါတယ်။ဖြည်းဖြည်းချင်းဆီ စာပြန်စစ်ပြီးပြင်ပေးမှာမို့လို့ပါ။ ဤ ဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သပ်သပ်မျှသာဖြစ်...