Episode 8 (Unicode - Zawgi)

1.3K 45 0
                                    

Unicode version

"ရောက်နေတာ သတင်းကြားတယ် ပါတီကို မမမလာလိုက်ရတာ အားနာပါတယ်နော်"

"မဟုတ်တာဘဲ ပန်က မမကြီးမအားမှန်းသိပါတယ် ပြီးတော့ ပါတီကလဲ အသေးစားလေးပါ နောက်မှ မမကြီးတို့ကို Dinner သီးသန့်လိုက်ကျွေးချင်ပါတယ်"

"အာ ရတာပေါ့ အားတဲ့နေ့ချိန်းလိုက်မယ်နော်"

"ဟုတ်ကဲ့ ဒါနဲ့လေ မကျော့မြတ်ကို မတွေ့သလိုဘဲရော"

"သူလားရှိပါတယ်နေ့တိုင်းရုံးတက်တယ်ဆိုတော့ ခဏနေလာမှာပေါ့"

"ပန်ကလေ ကိစ္စလေးအရေးကြီးလို့သွားစရာကရှိသေးတော့ မစောင့်တော့ဘူး မမကြီးနောက်မှ လာလည်ပါအုံးမယ်နော်"

"‌ကောင်းပါပြီပန်"

နိုရာပန်ကိစ္စတခုရှိတာမို့ အလျင်စလိုသွားရမည်ဖြစ်သည်။ဓာတ်လှေကား၀အရောက်

တင်မ်း!

တံခါးပွင့်လာတော့ သူမ၀င်ဟန်ပြုသည်။အထဲမှာ ရှိနေတဲ့သူက

"မဧကရီကျော့မြတ်"

ကျော့က သူ့နာမည်ကို ခေါ်လိုက်တဲ့ လူအားကြည့်လိုက်တော့ အိုကြီးအိုမနဲ့ သူ့ကိုကပ်ဖားလျက်စားလုပ်မယ့်ဟာမဖြစ်နေသည်။နိုရာပန်ဆိုသည့် မိန်းမအား ကျော့ တစက်လေးတောင် ကြည့်ရမနေပါ။
ကျော့ ဟိုမှာနေတုန်းကလဲ ကျော့စီးပွားရေးတွေကို ‌ဖြတ်ခုတ်သည် ကွက်ကျော်သည်။ပြီးရင် ပန်က မမဟာမှန်းမသိလိုက်လို့ပါဆိုပြီး နှပ်ချေးငပိသံနဲ့မျက်ရည်ခံလာထိုးသေးသည်။

သူ့မောင်ကို လိုချင်လို့သူကို လာကပ်နေတယ်ဆိုတာ အသိသာကြီးကို။လူကြည့်တော့ဖြစ် သူ့နဲ့သက်တူရွယ်တူကို သူ့ကိုများ မမ မမနဲ့ သူ့ထက်လေးနှစ်လောက်ငယ်တဲ့သူ့မောင်အရွယ်ကိုများ မောင် မောင် တ‌မောင်ထဲမောင်ပြီး ကပ်ချွဲနေတာတွေမြင်ရင် ကျော့ စိတ်ထဲကလိကလိနဲ့ ဆွဲဆောင့်ချင်စိတ်ပေါက်သည်။အခုလဲ သူကသာ ဓာတ်လှေကားထဲ၀င်လာပြီးနှုတ်ဆက်နေတာသူမပြန်မနှုတ်ဆက်ဖြစ်ပေ။

"မကျော့မြတ်နဲ့မတွေ့ရတာကြာပြီဘဲ မှန်းချေဆို လေးနှစ်လောက်ရှိရောပေါ့နော် နောက်ဆုံးတွေ့ခဲ့တုန်းက ကာစီနိုမှာလေဟုတ်တယ်မလား အဲ့တုန်းက ပန် ရဲ့ကဒ်တွေရှုံးသွားခဲ့တာ တော်သေးတယ်‌ မောင်က ပြန်နိုင်အောင် လုပ်ပေးခဲ့လို့"

Dear My Girl (Ongoing)Where stories live. Discover now