Episode 19(Unicode - Zawgi)

1K 45 5
                                    

Unicode version

"ကျန်ရှိတဲ့အရိုးပြာတွေကိုမြေအိုးထဲထည့်ပြီး ရေထဲ‌မျှောဖို့ ကိုယ်စီစဉ်လိုက်မယ် အက္ခရာ"

"ဟုတ်ကဲ့"

ကိုကိုကြီးက သူမအနားကပ်ခါ ပြောလာသည်။ဒယ်ဒီတို့ရဲ့အရိုးပြာတွေကို သူမကိုယ်တိုင်ရေ‌ထဲမျှောချင်လျှင် ကိုကိုကြီးက စီစဉ်ပေးမည်ဟုဆို
သည်။သူမခေါင်းညိမ့်လိုက်တော့ ကိုကိုကြီးက စင်ပေါ်ကနေပြန်ဆင်းသွားသည်။အချိန်ခဏကြာတော့
ဆုတောင်းသူတွေလဲ နေရာမှာပြန်ထိုင်လာကြပြီး စင်ပေါ်မှာရှိနေတဲ့ သူမဆီအကြည့်ရောက်လာကြသည်။အရိုးတချို့ကိုတော့ သုဿာန်မှာ မြေမြှပ်ပြီး ကျောက်တိုင်ထူမှာဖြစ်တဲ့အတွက်ဒီကိစ္စတွေအထိတော့ ကိုကိုကြီးကသူမကို ၀င်မပါခိုင်းတော့။

"အားလုံးကိုအသိပေးစရာရှိပါတယ်"

စင်ပေါ်ကနေသူမပြောလိုက်တော့အားလုံးက ငြိမ်သက်စွာနားထောင်သည်။

"ဒီနေ့ဒီနေရာမှာ အပြီးအပြတ်ရှင်းသွားချင်လို့ပါ ရှေးဆက်ဘက်ကအက္ခရာရိပ်စံအိမ်တော်ကြီးနဲ့ လုပ်ငန်းတွေအားလုံးကို ကိုကိုကြီးကိုဘဲ လွှဲပေးတော့မှာပါ"

"ဟမ် ဒီကလေးမဦးနှောက်ထိသွားတာလား"

"ဟုတ်ပ့ ဟုတ်ပ့"

"အဲ့ဒီမျက်နှာမီးလောင်ထားတဲ့တစ်ယောက်ကိုလေ"

"ဟုတ်တယ်ဟုတ်တယ် ဘယ်လိုစိတ်နဲ့လဲ"

"၀န်ကြီးရာထူးကလွတ်နေပြီလေ"

"အဲ့တာကရော သူဘယ်လိုစဉ်းစားနေတာလဲ"

တစ်ယောက်တစ်ပေါက်ထွက်လာတဲ့ စကားပြောသံတွေက သူမကို မွန်းကြပ်စေသည်။

သူမ မသိခဲ့ဖူးတဲ့ပတ်၀န်းကျင်ဟာ ဒီလိုဘဲ တလွဲတွေးခြင်းတွေနဲ့အစပြုတာလား။တစ်စုံတစ်‌
ယောက်ရဲ့စကားမဆုံးသေးဘဲ ဝေဖန်တက်တာလား။အခုလိုအချိန်မှာတော့ တိတ်ဆိတ်နေပေးလို့မရနိုင်ဘူးလား။လူတစ်ယောက်ရဲ့ရုပ်ရည်ကိုလဲတိုက်ခိုက်နေသေးတာလား။

သူမမျက်နှာပျက်နေသည်ကို သတိထားမိသူကရှိနေသည်။တချက်တည်းမှာပင် လူကြီးလူကောင်းတွေဆိုပြီး အမည်တပ်ထားတဲ့လူတွေနား black suit အပြည့်နဲ့လူတွေ ရောက်လာသည်။သူတို့ရောက်လာတာနဲ့ အပ်ကျသံပင် မကြားရလောက်တော့အောင် ပြန်တိတ်ဆိတ်သွားခဲ့သည်။သူတို့လဲသဘောပေါက်ပါသည်။ဒီလူတွေရောက်လာတယ်ဆိုတာ သတိပေးခြင်းတစ်မျိုးဆိုတာ။

Dear My Girl (Ongoing)Where stories live. Discover now