Episode 3(Unicode - Zawgi)

2.3K 63 4
                                    

Unicode version

"စာချုပ်ကိစ္စစာရွက်စာတမ်းတွေကို ကျွန်မဘဲ သိမ်းထားလိုက်ပါ့မယ် အကယ်၍ ဦးထွန်းမြတ်ရှိန်ဘက်က သမီးလေးကို ပေးစေချင်တဲ့ အချိန်မှ ကျွန်မဘက်က ပေးပေးပါ့မယ်"

"ဒါဆိုကောင်းပါပြီ ကျွန်တော် ဒီက မဧကရီအောင်ကို ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး ကျွန်မနဲ့ ကိုထွန်းမြတ်ရှိန်က ပြောရမယ့်လူတွေမဟုတ်တာဘဲ"

"ဟုတ်ပါပြီဗျာ ဒါဆို ကျွန်တော်ပြန်လိုက်ပါအုံးမယ်"

"ဦးထွန်းမြတ်ရှိန်ရဲ့ သမီးလေးနဲ့ ကျွန်မကိုလဲအားရင် မိတ်ဆက်ပေးပါအုံးနော်"

"ကောင်းပါပြီ "

ဧကရီအောင်ဆိုသည့် အမျိုးသမီးက အသက်36နှစ်သာရှိသေး၏။တရားရေးပိုင်းဆိုင်ရာမှာ သူပြီးလျှင် အားလုံးပြီးသည်ဟုဆိုရအောင်ပင် ဒီနယ်ပယ်မှာ နှံစပ်ကျွမ်းကျင်လွန်းသည်။တစ်ကိုယ်တည်းသမားဖြစ်ပြီး နောက်ကြောင်းတွေကို ဇာတ်မြုပ်ထားသူဖြစ်သည်။ရှင်းရှင်းပြောရလျှင် သူ့လိုလူပင်။သူကိုယ်တိုင်လဲ ၀န်ကြီးမဖြစ်ခင်က မိန်းမရှိဖူးသည် သမီးလေးတစ်ယောက်ရှိသည်ဆိုတာကိုတောင် သူ့နယ်ပယ် သူ့အသိုင်းဝိုင်းကြားမှာ ချပြခဲ့သူမဟုတ်ပေ။ အကြောင်းက သမီးဖြစ်သူအား ထိခိုက်မှာ စိုးရိမ်တာကြောင့်‌ပင်။သူ့ကိုယ်တိုင်တောင် ဘယ်အချိန်လုပ်ကြံခံရမယ်မှန်းမသိတာမို့ ဒီ‌နေ့ ဒေါ်ဧကရီအောင်ဆီမှာ သူပိုင်တာအားလုံး သမီးလေးအတွက်ဖြစ်ကြောင်း စာချုပ်စာတမ်းလာလုပ်တာဖြစ်သည်။အကယ်၍ သူသာအခန့်မသင့်လို့ မရှိတော့ရင် သူ့သမီးလေး အေးအေးချမ်းချမ်းနေနိုင်အောင်ဖြစ်သည်။

............

လွန်ခဲ့တယ့် တစ်နာရီက အိမ်မှာ အန်ကယ်လေးနဲ့ အငြင်းအခုန်ဖြစ်ကြပြီး လွန်ခဲ့တယ့် ငါးမိနစ်က အန်ကယ်လေးမှာ အလုပ်ကိစ္စ‌တခုပေါ်လာတာမို့ အခု သူမအပြင်ရောက်နေသည်။စီးနေကြ ဆိုင်ကယ်ကို တက်ခွကာ သူမအခုမြို့ထဲရောက်နေသည်။ဘယ်သွားရမှန်းမသိလို့ ‌မောင်းပြေးခဲ့တာမို့လို့ ဘယ်လမ်းက အိမ်ပြန်လမ်းလဲ သူမမှတ်မိပါချေ။

Dear My Girl (Ongoing)Where stories live. Discover now