Episode 2 (Unicode - Zawgi)

4.2K 78 0
                                    

Unicode version

ခြောက်နှစ်ကြာပြီးသော်။

"ကဲ  ထိုင်အုံး "

ဒီနေ့ဦးထွန်းမြတ်ရှိန်ရဲ့ဟိုတယ်အခမ်းနားဖွင့်ပွဲဖြစ်တာကြောင့် နိုင်ငံခြားမှာအခြေချနေသော သူ့ရဲ့တစ်ဦးတည်းသော ညီဖြစ်သူကအခမ်းနားကိုရုတ်တရက်ကြီးပေါက်ချလာသည်။
ဆိုဖာထက်အသီးသီးနေရာယူကြပြီး ထိုင်ဖြစ်ကြသည်။

"ပြောပါအုံး နိုင်ငံခြား‌ကနေ အခမ်းနားဖွင့်ပွဲကိုဗြုံးစားကြီးဘယ်လိုရောက်ချလာရတာလဲ"

"ကိုယ့်အကိုရဲ့ထွန်းမြတ်ရှိန်ရဲ့ ပွဲဘဲ လာကိုလာရမှာပေါ့ဗျာ ကျွန်တော်က မလာလို့ ဘယ်ရပါ့မလဲ"

"ငါက မင်းမအားဘူးဆိုလို့ မလာ‌နိုင်တော့ဘူးထင်နေတာ"

"ကျွန်တော်က မအားတာကမအားတာဘဲကိစ္စရှိလို့ပြန်လာတာ"

"ဆိုစမ်းပါအုံး ဘာကိစ္စလဲ မင်းဟာက"

"ကားထဲမှာဗျာ အကိုကြီး အခုသိချင်ရင် ကားထဲသာသွားကြည့်လိုက်တော့"

" ဟော မင်းကတော့ ငါ့ကို အဆန်းတွေ လုပ်ချတော့မယ် တခါတလေမှ ပြန်လာပြီး အကို ကို မွှေချင်နေသေးတယ်"

"ကျွန်တော်မဟုတ်ရပါဘူးဗျာ "

"မင်းမဟုတ်ရင် ဘယ်သူတုန်း"

"သိချင်ရင် သွားကြည့်ပါဆိုဗျာ"

ဟိုတယ် ဧည့်ကြိုကောင်တာကိုဖြတ်လျှောက်လာပြီး ဆင်၀င်ရှေ့ရောက်သည်။ဦးညီထက်ရှိန် ရပ်ထားသောကားအဖြူရောင်တစ်စီးက ဆင်၀င်ရှေ့ရှိနေသည်။ဦးထွန်းမြတ်ရှိန် ကားနားရောက်သည်နှင့်တပြိုင်နက်

"Suprise ဒယ်ဒီ!"

ဖြူဖြူအုအု သေးသေးသွယ်သွယ် ‌မိန်းကလေးတစ်ယောက်ဖြစ်သည်။အဖြူရောင် ဂါ၀န်ဒူးဖုံး၀တ်ထားပြီး မိုးပြာ‌ရောင် ဆံနွယ်တွေရှိသည်။ဖြူအု‌ နေသောခြေဖဝါးနုနုထက် စီးထားသော sneaker အဖြူပေါ်မှာ အပြာနုရောင် အနည်းငယ်မျှဖောက်ထားသည်။ဖောင်းအိသော ပါးနှင့် ဝိုင်းစက်သောအမဲ‌ရောင်မျက်လုံးများရှိသည်။ရယ်လိုက်လျှင် သွားတက်ချွန်ချွန်နှစ်ဖက်က အလိုလိုပေါ်လာသေးသည်။
အရုပ်မလေးတမျှ ချစ်စရာကောင်းလှသည့်သူမက

Dear My Girl (Ongoing)Where stories live. Discover now