Ch-28: သူက ငါ့ဦးလေး

1.5K 171 0
                                    

Ch-28: သူက ငါ့ဦးလေး

ဒါကို လုရန်ကြားတော့ သဘောတူသည်။

အမျိုးသမီးလျို လို တစ်စုံတစ်ယောက်အတွက်၊သေခြင်းသည် နှမြောဖို့ကောင်းသည်။

ချုစစ်ဟန် ချက်ချင်းမတုံ့ပြန်ခဲ့။

သူ မျှော်လင့်ချက်အပြည့်နဲ့သူမရဲ့မျက်နှာကို စိုက်ကြည့်ပြီး"ငါမင်းကို ကတိပေးတယ်၊ဒါပေမယ့် ငါ့မှာ အခြေအနေတစ်ခုရှိတယ်။"

"အခြေအနေတစ်ခု?"လုရှန်းခေါင်းညိတ်သည်။"ဟုတ်ပြီ။ သို့ပေမဲ့ ကျွန်မလုပ်ပေးနိုင်ရင် လုပ်ပေးမယ်။"

သူမက သူ့ရဲ့ထောင်ချောက်ထဲကို မကျရောက်ခဲ့ပေ။

"စိတ်မပူပါနဲ့။"သူ့နှုတ်ခမ်းပါးလွှာက အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွား၏။"မင်း ဒီအခြေအနေကို သေချာပေါက် ဖြည့်ဆည်းပေးနိုင်တယ်။"

ဒီမိန်းကလေးက ယုံလွယ်ပုံရပေမယ့် စမတ်ကျသည်။

သူမနဲ့တစ်ရက်ခွဲလောက်ပဲ ဆက်ဆံရသေးပေမဲ့ ချုစစ်ဟန် သူမဘယ်လိုနေထိုင်သည်ကို နားလည်နိုင်သည်။

အရေးကြီးတာတစ်ခုခုပြောတိုင်း သူမ အကြောင်းအရာကို အမြဲရှောင်သည်။

ချုယွမ်ဘေးမှ အံ့အားသင့်စွာ ကြည့်နေ၏။

သခင်က ပြုံးနေတာလား?

ချုယွမ်က ချုစစ်ဟန်ရဲ့အနောက် ခုနစ်နှစ် ရှစ်နှစ်ကြာအောင် လိုက်ခဲ့ပြီး တစ်ကြိမ်မျှ ပြုံးပြသည်ကို မမြင်ဖူးပေ။

တရားသူကြီးဖြစ်လာပြီးနောက် ချုစစ်ဟန် ပို၍တင်းကျပ်လာသည်။

သူ ရံဖန်ရံခါ ပြုံးပြတဲ့ တစ်ခုတည်းသော အချိန်က ရှီရီ၊ယွမ်တင်းတို့နဲ့အတူ ရှိနေချိန် ဖြစ်သည်။

သခင် လုရှန်းကို ပြုံးပြနေတာက သူမကို သဘောကျနေလို့များလား?

ချုယွမ် မျက်မှောင်ကြုံ့ သွား၏။

လုရှန်း သည် လှပသော်လည်း၊သူမ၏အရည်အချင်းနှင့်ဥာဏ်ရည်က သခင်နဲ့တန်းတူရှိပ့ါမလား?

ဘာမှ ကြီးကြီးမားမား မရှိဘဲ လှပနေရုံနဲ့ဘာမှ သုံးလို့မရဘူးလေ။

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Where stories live. Discover now