Ch-15 : အရာရှိတွေနဲ့အတူရှိနေတယ်.

1.7K 190 1
                                    

Ch-15 : အရာရှိတွေနဲ့အတူရှိနေတယ်။

"ဒုတိယအစ်မ၊သူတို့.. သူတို့က အမေနဲ့တတိယအစ်မကို ကြိမ်းမောင်းတယ်"

လုရှင်းနှုတ်ခမ်းစူကာ ညည်းညူရင်း မျက်နှာပေါ် မကျေနပ်ချက်တွေနဲ့ပြည့်နေ၏။

အမျိုးသမီးလျိုနဲ့လုနိုင်း တို့ မနာလိုမှုနဲ့ရက်စက်ကြမ်းကြုတ်တဲ့ ခံစားချက်တွေ ရှိပေမဲ့လည်း ဒီကလေး နှစ်ယောက်က အပြစ်ကင်းသည်... သူတို့ဘာမှ မသိကြဘူး။

လုရှန်း တစ်ဖက်သားရဲ့ခံစားချက်တွေကို အမြဲစဥ်းစားပေးသူဖြစ်သည်။သူမကို ကောင်းကောင်း ဆက်ဆံရင် သူမ လည်း ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံသည်။

သူမ နဖူးကို ညင်သာစွာ ပွတ်သပ်ပြီး သူတို့ကို ပြုံးပြသည်။"သူတို့ကို လျစ်လျူရှုလိုက်"

"အားရှန်း!"

လုရန် သူ့အခန်းထဲကနေ လှမ်းအော်၏။

လုရှန်းခေါင်းလှည့်ကြည့်တော့ လုရန်ကိုမြင်ပြီး ပြုံးပြလိုက်သည်။

"အစ်ကိုကြီး"

လုရှန်းရဲ့အပြုံး ကြောင့် လုရန်အံ့သြသွား၏။

အမေဆုံးပြီးကတည်းက သူ့ညီမ အပြုံးကို တစ်ခါမှ မမြင်ဖူးဘူး။ဒီလိုမျိုး ရှစ်နှစ်ကျော်သွားခဲ့သည်။

လုရှန်းရဲ့မျက်လုံးများနဲ့မျက်ခုံးများက အမျိုးသမီးဟဲနဲ့တူသည်။နူးညံ့သိမ်မွေ့သည်။

သို့သော် လုရှန်းရဲ့မျက်နှာ က အမျိုးသမီးဟဲ ထက် ပို၍ ဆွဲဆောင်မှုရှိသည်။သူမ ပြုံးလိုက်တဲ့အခါ တစ်ယောက်ယောက်ရဲ့နှလုံးသားကို သူ့အပြုံးနဲ့နှစ်သိမ့်ပေးနိုင်သလို နွေးထွေးမှုလည်း ခံစားရသည်။

အရင်ကတော့ လုရှန်းက ခေါင်းငုံ့ပြီး ပျော့ညံ့တဲ့အမူအရာ ဖော်ပြခဲ့သည်။ထို့ကြောင့် လူတိုင်းက သူမရဲ့အသွင်အပြင်ကို လစ်လျူရှုစေတယ်။

သူ့အစ်ကို လုရန်တောင် သူ့ညီမက ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဆိုတာကို ဒီနေ့မှ သိလိုက်ရသည်။

လုရန်ကပြုံးပြီး"ညီမလေး ပြန်လာတာ ကောင်းတယ်"

လုရန်ကိုမြင်တော့ လုရှန်း မူလပိုင်ရှင်ရဲ့ဆန္ဒကို တွေးမိသည်။

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Where stories live. Discover now