Ch-23 ထောင်ထဲ လာလည်တယ် -၁

1.5K 164 0
                                    

Ch-23 ထောင်ထဲ လာလည်ခြင်း-၁

လုရှန်းနိုးလာချိန် လုရန်က မနက်စာပြင်နေသည်။

သူမ အံ့အားသင့်စွာကြည့်ပေမဲ့ ဘာမှပြန်မပြောပေ။

ရေချိုးပြီးနောက် ပေါက်ပြားကို ထမ်းကာ ဥယျာဥ်ကို သွားသည်။

အရင်တုန်းကတော့ သူမရဲ့ဆရာက သူ့ကိုယ်ပိုင်ဟင်းသီး ဟင်းရွက်တွေ စိုက်ပြီး ရေဘူးတွေသယ်ကာ တောင်ပေါ်မှာ ထမင်းချက်သည်။

ဒါကြောင့် သူမ ကျင့်ကြံခြင်းအပြင် အချက်အပြုတ်ကိုလည်း စိတ်ဝင်စားခဲ့သည်။

အာလူးကို ရေလောင်းဖို့ တွေးရင်း မြေပြင်က စိုစွတ်နေတာကို တွေ့လိုက်သည်။

သူမခဏရပ်ပြီး လုရန် ကိုမေးလိုက်သည်။"အစ်ကို မနေ့က မိုးရွာထားတာလား?"

"မဟုတ်ဘူး၊ငါရေလောင်းတာ။"

လုရန် က ရေပိုက်ကို ရေကန်ထဲသို့ ပြန်ချလိုက်သည်။

ဒီနေ့ သူတော်တော်ကောင်းမွန်လာပြီဖြစ်သည်။ သူ့ဘဝကို ရှာတွေ့လိုက်ပုံပေါ်သည်။

လုရှန်းက ပေါက်ပြားကို ချလိုက်ပြီး လုရန် ဆီကို လျှောက်လာတယ်။"အစ်ကိုကြီး ညီမလေးရုံးတော် ကို သွားတော့မလို့၊လိုက်ချင်လား?"

လုရှန်း ရွမ်ယဲ့တိုင်းပြည်ရဲ့ဥပဒေများကို ကောင်းစွာ မသိတာကြောင့် လူသတ်မှုက သေဒဏ် ဒါမှမဟုတ် ဘယ်ပြစ်ဒဏ်သင့်သလဲဆိုတာ မသိပါ။ မနေ့ညက အမျိုးသမီးဟဲရဲ့ဝိညာဉ်ကို လုဒါဟွားရဲ့အခန်းထဲကို တမင်တကာ လွှတ်ပေးခဲ့ပြီး အမျိုးသမီးဟဲ ဘယ်လိုလုပ်ဆုံးဖြတ်ချက်မျိုးချမလဲ စောင့်ကြည့်ခဲ့သည်။

သို့ပေမဲ့ အမျိုးသမီးဟဲ လုဒါဟွား ကိုမသေစေချင်ပုံပဲ။

ရုံးတော် ဆိုသည့်စကားကြားတော့ လုရန်ရဲ့မျက်နှာမှောင်မဲကျသွား၏။

"ညီမလေးနဲ့အတူလိုက်ခဲ့မယ်။"

"ဒါဆို လုဂျန်နဲ့လုရှင်း။"

လုရန် က ငယ်ရွယ်တဲ့မွေးချင်းတွေအပေါ် ငြီးငွေ့နေဆဲပဲဆိုတာ လုရှန်းပြောနိုင်သည်။

လုရန် ငြိမ်သက်သွားသည်။"သူတို့ကိုပါ ခေါ် သွားမယ်"

သူတို့ကအမျိုးသမီးလျိုရဲ့သားသမီးအရင်းများဖြစ်ပေမဲ့ လုဒါဟွားရဲ့သားသမီးများလည်းဖြစ်သည်။ထို့ကြောင့် သူတို့တွေ သည် သူ့မောင်နှမတွေဖြစ်တယ်။

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Donde viven las historias. Descúbrelo ahora