Ch-26 : 'ကျွန်မ လှလား?'

1.5K 187 0
                                    

Ch-26 : 'ကျွန်မ လှလား?'

ချုစစ်ဟန် က သူ့ကိုယ်သူ ရည်ညွှန်းပြီးတော့ သုံးနှုန်းပြောသည်။ ဒါက ခရိုင်တရားသူကြိးကို အံဩစေပေမဲ့ ခဏကြာတော့ သဘောပေါက်သွားသည်။

ချုစစ်ဟန် သူ့ရဲ့နောက်ခံကို လုရှန်း သိတာမျိုးမလိုလားဘူး။

ချုယွမ်က ထက်မြက်တဲ့ ဥာဏ်ပညာရှိပြီး လုရန် ကို"ကျွန်တော်တို့သခင်က မိန်းကလေးလုနဲ့စကားပြောချင်နေလို့ လူကြီးမင်းလု ကျေးဇူးပြုပြီး ကျွန်တော်တို့ အနောက် အရင်လိုက်ခဲ့ပေးပါ။"

ဒီ စကားကိုကြားတော့ လုရန် လုရှန်းကို စိုးရိမ်တကြီး ကြည့်သည်။

လုရှန်းကလုဂျန်ကို အစ်ကိုဖြစ်သူဆီ ကမ်းပေးပြီး"အစ်ကို ညီမလေးအဆင်ပြေတယ် စိတ်မပူနဲ့"

မသွားခင် လုရန် ရှုပ်ထွေးသောအကြည့်နဲ့သူမကို ပြန်ကြည့်သည်။

ညီမလေး ပျောက်သွားပြီး ပြန်လာကတည်းက ပင်ကိုယ်စရိုက်နဲ့တခြားရှုထောင့်တွေ အများကြီး ပြောင်းလဲသွားသည်လို့ သူ ခံစားနေမိသည်။

"မိန်းကလေး လု၊အနောက်ကို လိုက်ခဲ့ပါ။"

ခရိုင်တရားသူကြီးက သူတို့နောက်ကို လိုက်ချင်ပေမယ့် ချုစစ်ဟန်က ရုတ်တရက် အေးစက်စက် အကြည့်တစ်ချက်ကြောင့် သူ့ခြေလှမ်းကို သတိမထားဘဲ ရပ်လိုက်သည်။

ချုစစ်ဟန် သူ့အကြည့်ကို ဆုတ်လိုက်ပြီး အရင်ထွက်လာခဲ့သည်။

လုရှန်း ပြုံးပြုံးရွှင်ရွှင်ဖြင့် ခရိုင်တရားသူကြီး ကို ဦးညွှတ်ပြီး ချုစစ်ဟန်ရဲ့အနောက်ကို အမြန်လိုက်လာခဲ့တယ်။

ထောင်မှူးက ဒါကိုမြင်တော့ စွန့်လွှတ်ဖို့ နည်းနည်း ဝန်လေးသလို ခံစားလာရပေမဲ့ တခြား အကြံဥာဏ်တွေ မတွေးဝံ့တော့

ချုစစ်ဟန်နဲ့လုရှန်း ထောင်ကနေအပြန် စားသောက်ဆိုင် ၁ ဆိုင်ကိုဝင်ကြတယ်။

စားပွဲထိုးက သူတို့ကို ဒုတိယထပ်က အခန်းတစ်ခုစီ ပို့ပေးပြီး မထွက်သွားခင် သူတို့ကို အဆာပြေနဲ့လက်ဖက်ရည်ချပေးတယ်။

နှစ်ယောက်လုံး ဆန့်ကျင်ဘက် ထိုင်နေကြပြီး စကားအကြာကြီး မပြောဖြစ်ကြပေ။

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Where stories live. Discover now